တိုရွန်တိုမြို့ မှာ လမ်းသွားရင်း ဖုန်းနဲ့ စာရိုက်တာကို ဥပဒေအရ တားမြစ်တော့မယ် ----------------------------------------------------- လမ်းပေါ်မှာ ခေါင်းငုံ့ ဖုန်းပွတ်ရင်း လမ်းလျှောက်ကြလို့ ဖြစ်ကြတဲ့ မတော်တဆမှုတွေ ကမ္ဘာမှာ များနေပါပြီ။ ဒီကိစ္စကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့တော်က အာဏာပိုင်ကတော့ သည်းမခံနိုင်တော့တဲ့ပုံပါပဲ။ လမ်းသွားရင်း စာရိုက်တဲ့ကိစ္စကို မြူနီစီပယ်ဥပဒေနဲ့ တားမြစ်ဖို့အတွက် ပို့ဆောင်ရေး ဝန်ကြီး စတီဗင်ဒယ်ဒူကာ က စီစဉ်နေပါပြီ။ “ လမ်းတွေ လုံခြုံစိတ်ချရဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးပါ။ လမ်းသွားလမ်းလာတွေ အတွက်လည်း တာဝန်ခံမှုရှိလာစေပါတယ်” လို့ မစ္စတာ ဒယ်ဒူကာ က ဆိုပါတယ်။ ရပ်ရွာအတွက် အကျိုးရှိစေမယ်လို့ ထင်ရတဲ့ အကောင်းဆုံး အကျိုးစီးပွါးတွေကို နည်းဥပဒေတွေ ပြဋ္ဌာန်းဖို့အတွက် မြူနီစီပယ် ကောင်စီတွေက လုပ်ဆောင်နိုင်တယ်လို့လည်း ပြောကြားထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း မြို့တော်ဆိုးလ်မှာ လမ်းသွားရင်း ခေါင်းငုံ့ဖုန်းမပွတ်ကြဖို့ အချက်ပြ ဆိုင်းဘုတ်တွေ တင်ထားပါတယ်။
Source : http://ift.tt/2a2at9O
via IFTTT
No comments:
Post a Comment