Sunday, November 13, 2016

7Day News Journal

ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ် ရွှေတန်ကျေးရွာတွင် အ သက်(၇၈)နှစ်အရွယ် အဘွားအိုတစ်ဦးကို တစ်ရွာတည်းနေ အသက် (၂၁)အရွယ် အမျိုးသား တစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ သားမယားပြုကျင့်သူ အ သက်(၂၁)နှစ်အရွယ် ဝင်းကို (ခ)ဖိုးပိန်သည် နိုဝင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီကျော်အချိန် နေအိမ်တွင် တစ်ဦးတည်း ကျန်ခဲ့ သည့် အဘွားအိုကို သားမယားပြုကျင့်ခြင်းဖြစ်ကြောင်း ဘုရားကြီးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။ ‘‘အမေကြီးက တစ်ယောက် တည်း အိမ်မှာကျန်ခဲ့တုန်းဖြစ်တာ ပါ။ အော်ဟစ်တောင်းပန်နေတဲ့ အသံကို ဘေးအိမ်ကကြားလို့ သွားကြည့်တယ်။ အမေကြီးကို သားမယားပြုကျင့်နေတာ တွေ့ တော့ ဝိုင်းဖမ်းပြီး ရဲစခန်းကို အ ကြောင်းကြားတယ်။ အခုတော့ ဖမ်းပြီး အမှုကိုစစ်နေပါတယ်’’ဟု ရဲအရာရှိကပြောသည်။ သားမယားပြုကျင့်ခဲ့သူ ဝင်း ကို(ခ)ဖိုးပိန်သည် သားမယားပြု ကျင့်ချိန်တွင် အရက်သေစာ သောက်စားထားပြီး ရွာတွင် အလုပ်အကိုင် အတည်တကျမရှိသူဖြစ်ကြောင်း ရဲအရာရှိတစ်ဦးကပြောကြားသည်။ ‘‘မုဒိမ်းမှုတွေကို သက်ဆိုင် ရာ မြို့နယ်တရားရုံးတွေမှာ စစ် တယ်။ စစ်ဆေးတဲ့အခါမှာ အလွန်ဆုံးထောင်ချ ခုနစ်နှစ်ဆို တော့ မကြောက်ကြဘူး။ သက် ငယ်မုဒိမ်းမှုတွေနဲ့ အခုလို အ သက်ကြီးသူတွေကို မုဒိမ်းကျင့်တဲ့သူတွေကို ထိရောက်တ့ဲ ထောင်ဒဏ် ချမှတ်ရမယ်။ ဒီဥပဒေကို လည်း လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းသင့်တယ်လို့မြင်တယ်’’ဟု ပဲခူးမြို့တွင်နေ ထိုင်သူ ကိုသန့်ဇင်က ပြောကြား သည်။ အဓမ္မပြုကျင့်သူ ဝင်းကို(ခ) ဖိုးပိန်ကို ဘုရားကြီးနယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2fNdgbf
via IFTTT

No comments:

Post a Comment