၀န်ကြီးချုပ် မက်တီယိုရန်ဇီက ဆက်လက် ဆောင်ရွက်စေလျက် ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို ကန့်ကွက်သည့် ခေါင်းစွပ် ၀တ်ထားသော ဆန္ဒပြသူများနှင့် အီတလီ ရဲတပ်ဖွဲ့၀င်များ အဓိကရုဏ်း ဖြစ်ပွားခဲ့ကြသည်။ ရာနှင့်ချီသော မျက်နှာဖုံးစွပ် ဆန္ဒပြသူများသည် ဖလောရင့်မြို့တွင် ရဲတပ်ဖွဲ့၀င်များအား မီးခိုးဗုံးများ၊ ဗြောက်အိုးများဖြင့် ပစ်ခတ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့သည်။ အထက်လွှတ်တော်အမတ်များ၏ အခန်းကဏ္ဍနှင့် ဒေသခံ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို လျှော့ချရန် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းက ရည်ရွယ်ထားပြီး အတိုက်အခံများက အဆိုပါ ဖွဲ့စည်းပုံဥပဒေ မူကြမ်းသည် အလုံးစုံ အာဏာချုပ်ကိုင်မှုဆီသို့ ဦးတည်သွားနိုင်သည်ဟု ပြောဆိုကြသည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပမည့် ဆန္ဒခံယူပွဲ၌ ၎င်းရှုံးနိမ့်ပါက ရာထူးမှ နုတ်ထွက်မည်ဟု ရန်ဇီက ကြွေးကြော်ထားသည်။ ယခုအစီအစဉ်သည် အီတလီပါလီမန်၏ လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး ကုန်ကျစရိတ်များ လျှော့ချပေးနိုင်မည်ဖြစ်ကာ အီတလီအစိုးရကို ပိုမိုတည်ငြိမ်မှု ရရှိစေလိမ့်မည်ဟု ရန်ဇီက ပြောသည်။ သို့သော် လတ်တလော ကောက်ယူသော စစ်တမ်းများအရ မဲဆန္ဒရှင်များသည် ရန်ဇီ၏ အစီအစဉ်ကို လက်မခံကြပေ။ လူငယ်ဆန္ဒပြသူများသည် ဖလောရင့်မြို့လယ်ကိုဖြတ်ကာ ၀န်ကြီးချုပ်ရန်ဇီ၏ ဒီမိုကရက်တစ်ပါတီ နှစ်ပတ်လည်အစည်းအ၀ေး ကျင်းပနေသော နေရာသို့ ချီတက်ခဲ့ကြသည်။ ရန်ဇီကို လက်မခံကြောင်း စာတန်းများကိုင်ဆောင်ဆန္ဒပြသူများကို အီတလီအကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒိုင်းများဖြင့်တွန်းကာ လူစုခွဲရန်ကြိုးပမ်းခဲ့ကြသည်။ ဆန္ဒမှုများတွင် ဆန္ဒခံယူပွဲ ကို ငြိမ်းချမ်းစွာ ဆန္ဒပြသော အဖွဲ့ကြီးတစ်ဖွဲ့လည်း ပါ၀င်ခဲ့ကြောင်း သတင်းများအရ သိရသည်။ ဆန္ဒပြခြင်းသည် လူ့အခွင့်အရေးဖြစ်သော်လည်း အကြမ်းဖက်မှုသည် လက်မခံနိုင်စရာမရှိကြောင်း လောရင့်မြို့တော်၀န် ဒါရီယိုနာဒဲလ်လာက ပြောသည်။ —Ref: Reuters
Source : http://ift.tt/2erCes0
via IFTTT
No comments:
Post a Comment