Tuesday, November 8, 2016

7Day News Journal

ရထားရှေ့ တွန်းချပြီး လူသတ်မှုအတွက် အမေရိကန်နိုင်ငံ၊ နယူးယောက် ရဲတပ်ဖွဲ့က အမျိုးသမီး တစ်ဦးကို ဖမ်းဆီးလိုက်သည်။ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းက တိုင်းမ်စကွဲရင်ပြင်ရှိ မြေအောက်ရထား လမ်းပေါ်သို့ အမျိုးသမီးတစ်ဦး ပြုတ်ကျပြီး သေဆုံးကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမှတ် ၁ ရထားသည် တောင်ဘက်ပိုင်းသို့ ဦးတည် ခုတ်မောင်းလာစဉ် အတောအတွင်း အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရထားရှေ့ ပြုတ်ကျသွားခြင်း ဖြစ်သည်။ ဖြစ်စဉ်အတွင်း ထိုအမျိုးသမီးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ရထားလမ်းပေါ် ပြုတ်ကျသေဆုံးမှုမှာ သွေးရိုးသားရိုး မဟုတ်ဘဲ အခြားတစ်ဦးက တွန်းချလိုက်ခြင်းဟု ထွက်ဆိုသူ အတော်များများ ရှိခဲ့သည့်နောက် ရဲများက အသက် ၃ဝ အရွယ် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခဲ့သည်။ ကွင်းစ်အရပ်တွင် နေထိုင်သူ မီလာနီ လီဗာပူးလ်သည် ယခုအခါ လူသတ်မှု စွဲချက်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ “ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ သေဆုံးသူရဲ့ မိသားစုအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ပြီးတော့ ဒီလို မနှစ်မြို့စရာ ဖြစ်ရပ်ဆိုးကို ကိုယ်တွေ့ ကြုံလိုက်ရတဲ့ တခြားသူတွေ အတွက်ရောပေါ့”ဟု နယူးယောက် သယ်ယူ ပို့ဆောင်ရေးဌာန အကြီးအကဲ ဝီလျံ အော်ဘရီက ဆိုသည်။ ကနဦး စစ်ဆေးမှုများအရ လီဗာပူးလ်သည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု မရှိဘဲ Bipolar Disorderခေါ် စိတ်ခံစားချက် အစွန်းနှစ်ဖက်ထိ ရောက်ရှိတတ်သည့် အခြေအနေမျိုး ရှိနေသူဟု ရဲများက ပြောကြားထားသည်။ ရဲများက သေဆုံးသူနှင့် လီဗာပူးလ်တို့သည် အခင်းမဖြစ်မီတွင် အခြေအတင် စကားများမှုမျိုး ရှိမရှိ ဖော်ထုတ်နိုင်ရန် လုံခြုံရေး ကင်မရာ မှတ်တမ်းများ၊ လက်ကိုင်ဖုန်း ဗီဒီယိုများကို ရှာဖွေ စုဆောင်းနေသည်။ သို့သော် ၎င်းတို့နှစ်ဦးကြား မည်သည့် ဆက်စပ်မှုမျှ ရှိခဲ့ကြောင်း အထောက်အထား မတွေ့ရသေးချေ။ ပြီးခဲ့သည့်လကလည်း ယူနီယံစကွဲတွင် ရထားလမ်းပေါ် ပြုတ်ကျမှု တစ်ခုဖြစ်ပွားခဲ့ရာ ယင်းအမှုနှင့် ယခုသံသယရှိသူ ပတ်သက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ Ref: ABC 7 New York
Source : http://ift.tt/2fO94cB
via IFTTT

No comments:

Post a Comment