Monday, November 7, 2016

7Day News Journal

ဂျပန်နိုင်ငံမှ တိုကျိုဒေသ ဆိုင်ရာ အစိုးရအောက်ရှိ သဘာ ဝပတ်ဝန်းကျင်ဗျူရိုသည် ရန်ကုန် မြို့အတွင်း အမှိုက်ကောက်ရန် လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC)မှ သတင်း ရရှိသည်။ အထက်ပါ တိုကျိုသဘာဝ ပတ်ဝန်းကျင်ဗျူရိုသည် ရန်ကုန် အခြေစိုက် အရပ်ဘက်အဖွဲ့အ စည်းများ၊ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများနှင့်အတူ နိုဝင်ဘာ ၁ဝ ရက်တွင် ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မ တီကပြုလုပ်သော အမှိုက်ကောက် ပြိုင်ပွဲ၌ ပါဝင်မည်ဟု YCDC ကော်မတီဝင်(၅) ဒေါ်သန်းမြင့် အောင်က ပြောကြားသည်။ ‘‘ဂျပန်ကအဖွဲ့တွေ လာ ရောက်မယ်။ ဒီက အရပ်ဘက်အ ဖွဲ့အစည်းတွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေ ပါ ဝင်တဲ့ အမှိုက်ကောက်ပြိုင်ပွဲမှာ ပါဝင်မယ်။ နိုဝင်ဘာ ၁ဝ ရက်မှာ ပြုလုပ်မှာဖြစ်တယ်’’ဟု ဒေါ်သန်း မြင့်အောင်က 7Day Daily သ တင်းစာအား ပြောကြားသည်။ နိုဝင်ဘာ ၁ဝ ရက်တွင် နံနက် ၇ နာရီကစတင်၍ မြို့တော်ခန်းမ ရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတစ် ဝိုက်၊ မြို့တွင်းလမ်းမများပေါ်၌ အဖွဲ့ဝင်ငါးဦးမှ ခုနစ်ဦးအထိပါ ဝင်သော အဖွဲ့နှစ်ဆယ်က မိနစ် ၄ဝ ကြာ လမ်းလျှောက်ကာ အ မှိုက်ကောက်မည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲတွင် ပါဝင်မည့် ကျော် သူပရဟိတကွန်ရက် အတွင်းရေး မှူး ဦးနိုင်ဝင်းက ရှင်းပြသည်။ ‘‘မဟာဗန္ဓုလပန်းခြံက စ မယ်။ မြို့တွင်းလမ်းတွေပေါ့။ သတ်မှတ်ချိန် မိနစ် ၄ဝ သတ်မှတ် ထားတယ်။ လမ်းလျှောက် အ မှိုက်ကောက်ခြင်းက ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေ နိုင်တယ်ဆိုတာမျိုးပေါ့။ မြို့တော် ဝန်ကိုယ်တိုင် ဆုချီးမြှင့်မယ်ပြော တယ်’’ဟု ဦးနိုင်ဝင်းကပြောသည်။ မြို့တော်သန့်ရှင်းရေးအ တွက် ပြိုင်ပွဲများပြုလုပ်ဖူးသော် လည်း အမှိုက်ကောက်ပြိုင်ပွဲကို ဒီချုပ်အစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။ ‘‘စံပြအနေနဲ့ ကောက်ပြရ တယ်။ လူစည်ကားရာနေရာတွေ မှာ လုပ်တာ။ လူမြင်ကွင်းမှာ အ မှိုက်မပစ်သင့်ဘူးဆိုတဲ့အသိလေး တော့ ရသွားမှာပေါ့’’ဟု နာရေး ကူညီမှုအသင်း (ရန်ကုန်)နှင့် ကျော်သူပရဟိတကွန်ရက်ဥက္ကဋ္ဌ ဦးကျော်သူက မှတ်ချက်ပြုသည်။ လက်ရှိအာဏာရပါတီ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၅ နိုဝင်ဘာရွေးကောက်ပွဲ တွင် အနိုင်ရပြီးနောက် ဒီဇင်ဘာ ၌ နိုင်ငံတစ်ဝန်းအမှိုက်ကောက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော် လည်း ယခုနောက်ပိုင်းတွင် အ မှိုက်ကောက်လှုပ်ရှားမှု မရှိပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ (YCDC)၏ ဦး ဆောင်မှုဖြင့် တစ်ကျော့ပြန်အ မှိုက်ကောက်လှုပ်ရှားမှု ပြန်လည် စတင်လာခြင်းဖြစ်သည်။ ၂ဝ၁၅ ဒီဇင်ဘာ ၁၃ ရက်က ကော့မှူးမြို့၌ လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှိုက်ကောက်ခဲ့ပြီး နောင်ရက်များ၌လည်း အမှိုက်ကောက်ကြရန် တိုက်တွန်းခဲ့သည်။
Source : http://ift.tt/2eDSv0q
via IFTTT

No comments:

Post a Comment