သမီးအရင်းဖြစ်သူကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ဖခင်အား မြောင်းမြခရိုင်တရားရုံးမှ ထောင်ဒဏ် အနှစ်၂၀ ကျခံစေရန် အမိန့်ချမှတ် ၀ါးခယ်မမြို့နယ် .... ကျေးရွာတွင် လွန်ခဲ့သော ခြောက်လခန့်က ဖြစ်ပွားခဲ့သည့် သမီးအရင်းဖြစ်သူကို သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ခဲ့သည့် ဖခင်ဖြစ်သူအား မြောင်းမြခရိုင်တရားရုံးမှ နိုဝင်ဘာ ၃၀ ရက် က ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဇွန်လဆန်း ပိုင်းက .... ကျေးရွာနေ ဦးဟံငွေ (ဘ) ဦးသောင်းမြင့်က ယင်း၏ သမီးအရင်းဖြစ်သူ မ .... (၁၉ နှစ်) အား ၎င်းနှင့်အတူ လှေဖြင့် လိုက်ပါ၍ ပိုက်ချရန် ခေါ်ဆောင်သွားပြီး လှေပေါ်တွင် အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ အခြားသူများ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ နောက်ရက်များတွင်လည်း အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မ .... မှာ ကိုယ်ဝန်ရှိလာသောကြောင့် အစ်မဖြစ်သူနှင့် အဒေါ်ဖြစ်သူအား တိုင်ကြားခဲ့ကြောင်း၊ ထို့နောက် အစ်မဖြစ်သူနှင့် အဒေါ်ဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့ရာ မြောင်းမြခရိုင်တရားရုံးမှ ၂၀၁၆ ခုနှစ်၊ ရာဇသတ်ကြီး အမှုအမှတ် ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ စစ်ဆေးခဲ့ပြီး တရားခံ ဦးဟံငွေအား ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းကြား ပြော၍ပင်မသင့်၊ ကြား၍ပင် မကောင်းသည့် အပြူအမူကို ပြုကျင့်ခဲ့သည်မှာ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် လက်သင့်ခံနိုင်ဖွယ်ရာ မရှိချေ။ ပြုကျင့်သူအပေါ် မည်သည့် စာနာထောက်ထား သက်ညှာမှုကိုမျှ ပေးရန်အကြောင်းမရှိချေ။ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းကြားတွင် နေထိုင်ကြသည့် မိန်းကလေးများ၏ ဘဝလုံခြုံရေးအတွက် လည်းကောင်း၊ ဖခင်နှင့်သားသမီးများအကြားတွင် လည်းကောင်း၊ နောက်နောင် အခုလိုအမှုမျိုး ဖြစ်ပွားလာခြင်း မရှိအောင် သာဓကပြ မှတ်သားလောက်သော ပြစ်ဒဏ်၊ ဟန့်တားလောက်သော ပြစ်ဒဏ်တစ်ရပ်ကို ချမှတ်သင့်သည်ဟု ရုံးတော်မှ ယူဆပေသည်”ဟု မြောင်းမြဒုခရိုင် တရားသူကြီး ဒေါ်ဌေးဌေးက အမိန့်ချမှတ်ရာ တွင်ပြောကြားသည်။
Source : http://ift.tt/2gmUSG3
via IFTTT
No comments:
Post a Comment