Thursday, December 1, 2016


အီရန် နျူသဘောတူညီချက် ဖျက်သိမ်းလျှင် မိုက်မဲရာကျမည်ဟု ထရမ့်ကို စီအိုင်အေ အကြီးအကဲ သတိပေး ဝါရှင်တန်၊ နိုဝင်ဘာ ၃၀ အီရန်နှင့် ရရှိထားသော နျူကလီးယား သဘောတူညီချက်ကို ဖျက်သိမ်းပါက အန္တရာယ်ကြီးပြီး မိုက်မဲရာ ကျလိမ့်မည်ဟု သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရမ့်ကို စီအိုင်အေ ညွှန်ကြားရေးမှူးက သတိပေး ပြောဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ သမ္မတသစ် အနေနှင့် ရုရှား၏ ကတိကဝတ်များကို သတိထားရန် BBC နှင့် အင်တာဗျူးတွင် ဂျွန်ဘရီနန်က ပြောကြားခဲ့ပြီး ဆီးရီးယားတွင် ဆုံးရှုံးခဲ့မှုများအတွက် ရုရှားကို အပြစ်တင် ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စဉ် ထရမ့်က အီရန်နှင့် နျူသဘောတူညီချက်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်းနှင့် ရုရှားနှင့် ပိုမိုအနီးကပ် ဆက်ဆံလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျွန်ဘရီနန်သည် စီအိုင်အေကို လေးနှစ်တာ ဦးဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် နုတ်ထွက်မည် ဖြစ်သည်။ BBC နှင့် ပထမဆုံး ပြုလုပ်သော အင်တာဗျူးတွင် စီအိုင်အေ ညွှန်ကြားရေးမှူးက အမေရိကန် အစိုးရသစ် အနေနှင့် စည်းမျဉ်းနှင့်အညီ ဂရုတစိုက် ဆောင်ရွက်ရမည့် ကဏ္ဍများကို ထောက်ပြခဲ့ရာတွင် အကြမ်းဖက်ဝါဒ ကိစ္စတွင် အသုံးပြုသည့် ဘာသာစကား၊ ရုရှားနှင့် ဆက်ဆံရေး၊ အီရန်နှင့် နျူကလီးယား သဘောတူညီချက်၊ စီအိုင်အေ၏ လျှို့ဝှက်စွမ်းရည်များကို အသုံးချမည့် လမ်းကြောင်း စသည်တို့ ပါဝင်သည်။ ဘရီနန်က ဆီးရီးယား အခြေအနေအပေါ် မျှော်လင့်ချက်မဲ့သော မှတ်ချက်ပေးခဲ့ပြီး ဆီးရီးယားအစိုးရနှင့် ရုရှားအစိုးရတို့သည် အရပ်သားများအပေါ် လက်သင့်မခံနိုင်သော သတ်ဖြတ်မှုများ ကျူးလွန်သည့်အတွက် တာဝန်ရှိသည်ဟု ပြောဆိုခဲ့သည်။ ဆီးရီးယားတွင် အာဆတ်အစိုးရအား တိုက်ခိုက်နေသော အလယ်အလတ် သဘောထားရှိသည့် သူပုန်အုပ်စုများအား ထောက်ခံအားပေးရေး မူဝါဒကို အိုဘားမား အစိုးရက ဆုပ်ကိုင်ထားသည်။ အမေရိကန်ပြည်ထောင်စု အနေနှင့် ၎င်းမူဝါဒကို ဆက်လက်ကျင့်သုံးရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ဘရီနန်က ပြောကြားသည်။ ရုရှားသည် ဆီးရီးယား အနာဂတ်၏ သော့ချက်ကို ကိုင်ထားပြီး အလက်ပိုကို ချုပ်ကိုင်နိုင်ရေးအတွက် ညှိနှိုင်းသည့် နည်းဗျူဟာကို လှည့်ပတ်ကစားနေခြင်း ဖြစ်သည်ဟု ဘရီနန်က မှတ်ချက်ပေးသည်။ “ရုရှားဟာ စစ်မြေပြင်မှာ ဖြစ်နိုင်သမျှ အောင်ပွဲများများ ရနိုင်တဲ့ အချိန်အထိ ညှိနှိုင်းဦးမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုပါသည်။ ရုရှားသည် ယခင်ကလည်း ကတိပျက်ခဲ့ဖူးသောကြောင့် သမ္မတထရမ့်နှင့် အစိုးရသစ်အနေနှင့် ရုရှား၏ ကတိကဝတ်များကို သတိထားသင့်သည်ဟု ဂျွန်ဘရီနန်က BBC နှင့် အင်တာဗျူးတွင် ပြောကြားသွားသည်။
Source : https://goo.gl/QXzxlT
via IFTTT

No comments:

Post a Comment