Thursday, November 3, 2016

Internet Journal

iPhone 7 နှင့် iPhone 7 Plus ကို AYA Credit Card ဖြင့် လစဉ်အရစ်ကျ ၀ယ်ယူနိုင်မည့် အစီအစဉ် တစ်ရပ်ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။ နို၀င်ဘာ ၄ ရက်နေ့မှ စတင်ကာ ၀ယ်ယူနိုင်မည် ဖြစ်ပြီး မြန်မာပလာဇာရှိ MDrive Store တွင်အရစ်ကျ ပေးချေနိုင်မည် ဖြစ်ကြောင်း၊ AYA Credit Card ဖြင့်၀ယ်ယူပါက SimplePay instalment plan နှစ်မျိုး ဖြစ်သည့် ခြောက်လနှင့်တစ်နှစ် မိမိနှစ်သက်ရာကို ရွေးချယ်နိုင်မည် ဖြစ်ကြောင်းသိရသည်။ 6-Month Instalment Plan AYA Credit Card ဖြင့် ဝယ်ယူပြီး ခြောက်လ အရစ်ကျပေးချေပါက တစ်လလျှင် အတိုး ၁% နှုန်းဖြင့် ခြောက်လအတွက် စုစုပေါင်းအတိုး ၆ ရာခိုင်နှုန်း ကျသင့်မည်ဖြစ်ကြောင်း၊ တစ်နှစ် Instalment Plan AYA Credit Card ဖြင့် ဝယ်ယူပြီး တစ်နှစ် အရစ်ကျ ပေးချေပါက တစ်လလျှင် အတိုး ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ် အတွက် စုစုပေါင်းအတိုး ၁၂ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ ဧရာဝတီဘဏ်ရုံးချုပ်၊ ၄၁၆၊မဟာဗန္ဓုလလမ်းသို့ လိုအပ်သည့် အချက်အလက်များနှင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။
Source : http://ift.tt/2fe9YgP
via IFTTT

No comments:

Post a Comment