Monday, November 14, 2016

MOI Webportal Myanmar

ကျွန်တော့်ဘကြီးနှင့် ဥပဒေဆွေးနွေးခန်း ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ မောင်ဥပဒေ ရှေ့နေပေါက်စ ကျွန်တော် မောင်ဥပဒေတစ်ယောက် အငြိမ်း စား တရားသူကြီး(ကျွန်တော့်ဘကြီး)ထံမှောက် ရောက်ရတယ်။ ယခုတလော ဆက်သွယ်ရေး ဥပဒေအကြောင်း အတော် ခေတ်စားနေတယ်။ ဗဟုသုတအဖြစ် ဘကြီးကို ကျွန်တော် သွားတွေ့ပြီး မေးမှာပါ။ မရှင်းတာ သိချင်လို့ပါဗျာ။ ရှေ့နေပေါက်စ။ ဘကြီး နေကောင်းရဲ့လား။ ဆက်သွယ်ရေး ဥပဒေအကြောင်း နည်းနည်းရှင်းပြပါလား။ ဘကြီး။ ဆက်သွယ်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၈-၁ဝ-၂ဝ၁၃ ရက်စွဲနဲ့ ပြဋ္ဌာန်းတယ်။ ရည်ရွယ်ချက်တွေကတော့- (က) နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက် သွယ်ရေးနည်းပညာဖြင့် အထောက်အကူပြုနိုင်ရန်၊ (ခ) ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးကဏ္ဍများတွင် ပြည်တွင်းပြည်ပမှ အခွင့်အလမ်းတူမျှသော ပွင့်လင်း မြင်သာသည့် ယှဉ်ပြိုင်မှုများ ဆောင်ရွက်စေခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန် စွာ ဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေးဝန်ဆောင် မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ (ဂ) ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်း ပညာနှင့်အတူ နိုင်ငံတော်တစ်ဝန်းလုံးတွင် ဆက်သွယ် ရေး ကွန်ရက်ဖြန့်ကြက်ပြီး အများပြည်သူဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင် စေရန်၊ (ဃ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း တည်ထောင် လုပ်ကိုင်သူနှင့် အသုံးပြုသူတို့ကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်၊ (င) နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူလုံခြုံရေးကိစ္စများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း၊ ကွန်ရက် အထောက်အကူပြုပစ္စည်းများနှင့် လိုင်စင်ရယူပြီးမှသာ အသုံးပြုခွင့်ရှိသော ဆက်သွယ် ရေးပစ္စည်းများကို ကြီးကြပ်နိုင်ရန်တို့ဖြစ်တယ်။ ဆက် နားထောင်ဦး။ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဒီလိုပြဋ္ဌာန်းထားတယ်။ ဥပဒေအခန်း (၁၈) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ပုဒ်မ ၆၆ ကို ပြဋ္ဌာန်းထားတယ်- ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်- (က) ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံòွှန်းသတ်မှတ် ချက်ကို ဖြစ်စေ၊ မူလအနေအထားကိုုဖြစ်စေ ပြောင်း လဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊ (ခ) ဆက်သွယ်ရေးကွန်ရက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်စေခြင်း၊ (ဂ) ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ငွေကြေး နှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း၊ (ဃ) ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင် အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ဖြစ်ပါတယ်။ ရဲအရေးယူပိုင်ခွင့်ရှိ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှု များအဖြစ် သတ်မှတ်ရမည်။ ဟဆက်သွယ်ရေးဥပဒေပုဒ်မ ၈ဝ(က)' ဆက်သွယ်ရေးကွန်ရက်ဆိုသည်မှာ ဆက်သွယ်ရေးကွန်ရက်ဆိုသည်မှာ ဆက်သွယ်ရေး နည်းပညာတစ်ခုခုကို အသုံးပြုပြီး ကွန်ရက်အထောက်အကူပြု ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ ကွန်ပျူတာ ၊ ကွန်ပျူတာ ကဲ့သို့သော အလားတူပစ္စည်း ယင်းတို့နှင့် တွဲဖက်အသုံးပြု နိုင်သည့်စနစ်နှင့် ပစ္စည်းကိုကြိုးဖြင့်ဖြစ်စေ၊ ကြိုးမဲ့ဖြင့်ဖြစ်စေ အချင်းချင်း ချိတ်ဆက်အသုံးပြုသော စနစ်ကိုဆိုသည်။ ဟဆက်သွယ်ရေး ဥပဒေပုဒ်မ ၃ (ဃ)' ရှေ့နေပေါက်စ။ ပြစ်မှုပုဒ်မ ၅ဝဝ (အသရေဖျက်မှု)နှင့် ကွာခြား သလား ဘကြီး။ နည်းနည်း ရှင်းပြပါဦး။ ဘကြီး။ လူတိုင်းအခေါ် ရာဇသတ်ကြီး (ယခုအခေါ် ပြစ်မှုဆိုင်ရာဥပဒေ)ပုဒ်မ ၅ဝဝ ပေါ့။ ပုဒ်မ ၄၉၉ ကို ''အသရေဖျက်မှု'' အဓိပ္ပာယ် ပြဋ္ဌာန်းထားတယ်။ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန်ြြကံရွယ်သည့်စကား ဖြင့်ဖြစ်စေ၊အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသ္ဌာန် ဖြင့်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာစေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကိုနစ်နာစေမည်ဟု သိလျက် နှင့် သော်လည်းကောင်း၊ ထိုသို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့်သော်လည်းကောင်း၊ ထိုသူနှင့် စပ်လျဉ်းသော စွပ်စွဲချက်ကို ပြုလျှင် သို့တည်းမဟုတ် ကြေညာလျှင် ထိုသူသည် အောက်ပါ ကင်းလွတ်ချက်များမှတစ်ပါး အဆိုပါသူ၏ အသရေကိုဖျက်သည်မည်၏။ လို့ ဖွင့်ဆိုပြဋ္ဌာန်းထားတယ်။ ရှင်းလင်းချက်(၁)(၂)(၃)(၄) ၊ ဥပမာများ၊ ကင်းလွတ် ချက်တွေရှိတယ်။ ပုဒ်မ ၅ဝဝ အသရေဖျက်မှု၏ပြစ်ဒဏ်မှာ နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားတယ်ကွယ့်။ မင်းလည်းဖတ်ပြီးနေမှာပါ။ ပေါက်စ။ ကွာခြားချက် ရှင်းပြပါဦး ဘကြီး။ ဘကြီး။ ရှင်းပြဖို့ မလိုတော့ဘူးကွ။ ဆက်သွယ်ရေး ပုဒ်မနဲ့ ရာဇသတ်ကြီးပုဒ်မနဲ့က တူသလိုလို နဲ့ မတူဘူး။ ပြစ်ဒဏ်လည်း မတူဘူး။ ပြဋ္ဌာန်းတဲ့ ခေတ်စနစ်လည်း မတူဘူး။ ဥပဒေရည်ရွယ်ချက်လည်း မတူဘူး။ ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေကိုလည်း ပြန်ဖတ်ကြည့်။ ပုဒ်မ ၃(ဆ) မှာ ''ရှေးဦးကျသော ဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်နှင့် နောက်ကျသော ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်တို့ ကွဲလွဲဆန့်ကျင်နေပါက နောက်ကျသော ဥပဒေ ပြဋ္ဌာန်းချက်သည် အတည်ဖြစ်စေရမည်''လို့ပါတယ် မဟုတ် လား။ ပေါက်စ။ ဆက်သွယ်ရေးကိစ္စအတွက် အထူးပြဋ္ဌာန်း ထားရင် ဆက်သွယ်ရေးဥပဒေနဲ့ပဲ အရေးယူသင့် ပြီး ရာဇသတ်ကြီး (ရှေးဦးကျတဲ့ ဥပဒေ) နဲ့ ဒုတိယဦးစားပေး စဉ်းစားသင့်တယ်လို့ ပြောချင်တာလား ဘကြီး။ ဘကြီး။ ဒီလိုစဉ်းစားနိုင်တယ်။ တရားစွဲသူ (တရားလို) ရဲ့ သဘောပေါ့။ အမှုလက်ခံတဲ့ တရားသူကြီးက ဘယ်ပုဒ်မနဲ့အရေးယူ လက်ခံမယ်ဆိုတာကတော့ တရားသူကြီး အပိုင်းပေါ့။ ပေါက်စ။ ဥပဒေအရာရှိတွေရဲ့ တရားမစွဲမီ ဥပဒေအကြံ ပြုချက်က အရေးမပါဘူးလား ဘကြီး။ ဘကြီး။ အရေးပါတာပေါ့။ တရားမစွဲမီ ဥပဒေအကြံပေးခြင်း တာဝန်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဥပဒေ အရာရှိအဆင့်ဆင့်က လွတ်လွတ်လပ်လပ် အကြံပြုနိုင်တာပဲ။ သူ့လုပ်ထုံးတွေရှိပြီးသားပါ။ ပေါက်စ။ ပုဒ်မအကြီးအသေး။ ပြစ်ဒဏ်အကြီးအသေး ဆိုတာ တရားမစွဲမီအပိုင်း၊ တရားစွဲပြီး အပိုင်းဆို ပြီး ခွဲခြားကြည့်နိုင်တယ်။ အထူးနှင့် အထွေထွေဥပဒေနဲ့ ငြိစွန်း သလား။ ရာဇသတ်ကြီးနဲ့ ငြိစွန်းသလား။ အခြား ဘာအထောက် အထားတွေရှိသလဲပေါ့။ သူ့လုပ်ထုံးနဲ့ သူရှိပြီးသားပါ။ ချစ်သူ၊ မုန်းသူ၊ ဆန္ဒစွဲ၊ ဒေါသစွဲတွေနဲ့ အမှုတည်ဆောက်လို့ရပါသလား။ ဘကြီး။ ဒါကတော့ ဥပဒေမဲ့တိုင်းပြည်မှ မဟုတ်တာဘဲ။ ဥပဒေနဲ့အညီ ဆောင်ရွက်ကြရမှာပေါ့။ ပေါက်စ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပြင်သင့် တယ်။ ချု့ိယွင်းချက်တွေ ထောက်ပြကြတယ်။ ဘကြီးရဲ့ သဘောထားပြောပြပါဦး။ ဘကြီး။ ဒါကတော့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ စဉ်းစား၊ သုံးသပ်တင်ပြနိုင် ပါတယ်။ ခေတ်နဲ့မညီတဲ့ ပြင်ဖို့လိုတဲ့ ဥပဒေတွေအကြောင်း ဒီနေ့ဆွေးနွေးနေကြတယ်။ လက်တွေ့ လည်း လုပ်နေကြတာပဲ။ ပြည်သူ့ဆန္ဒနဲ့အညီ၊ ပြည်သူတစ်ဦးချင်း လွတ်လွတ်လပ်လပ် အကြံပြုနိုင်ကြပြီလေ။ ကျိုးကြောင်းခိုင်လုံစွာ တင်ပြသင့်ကြ ပါတယ်။ ကြိုဆိုအပ်ပါတယ်။ ပေါက်စ။ သတင်းမီဒီယာဆိုတာ ဘာလဲဆိုပြီး အဓိပ္ပာယ် အမျိုးမျိုးဖွင့်နေကြတယ်။ သတင်းမီဒီယာဥပဒေ က ဘယ်လိုဖွင့်ဆိုထားပါသလဲ ဘကြီး။ ဘကြီး။ သတင်းမီဒီယာဆိုသည်မှာ- ''သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိ ခြင်းအစရှိသည်တို့ကို စာ၊ အသံ၊ အရုပ် ၊ ရုပ်သံ ၊ ကိန်းဂဏန်း အချက်အလက်၊ ရုပ်ပုံ ဒီဇိုင်းစသည့် အသွင်သ္ဌာန်များ အသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသော အင်တာနက်မီဒီယာ သို့မဟုတ် အခြား နည်းလမ်းများဖြင့် လုပ်ကိုင်သည့် အများပြည်သူဆိုင် ရာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကိုဆိုသည်''လို့ သတင်း မီဒီယာဥပဒေပုဒ်မ ၂ (က)မှာ ဖွင့်ဆိုထားတယ်လေ။ သေချာတဲ့ ဖွင့်ဆိုချက်လို့ ပြောနိုင်တယ်။ ပေါက်စ။ သတင်းမီဒီယာနည်းဥပဒေများမှာရော ဘယ်လို ပါရှိသလဲ ဘကြီး။ ဘကြီး။ သတင်းဆိုရာတွင် ''အချက်အလက်(DATA)၊ မူရင်းစာ (TEXT) ၊ ပုံရိပ်သ္ဌာန် (IMAGE)၊ အသံ၊ သင်္ကေတ (CODE) ၊ ကွန်ပျူတာ ပရိုဂရမ်ဆော့ဖ်ဝဲနှင့် အချက်အလက်အစုအဝေး (DATA BASE) တု့ိပါဝင် သည်''လို့ အဓိပ္ပာယ်ဖွင့်တယ်။ ပေါက်စ။ အဘရှင်းပြချက်အရဆိုရင် ဆက်သွယ်ရေးဥပဒေရဲ့ ဖွင့်ဆိုချက်၊ ရာဇသတ်ကြီးဥပဒေရဲ့ ဖွင့်ဆိုချက် တွေနဲ့ တစ်ခုနဲ့တစ်ခု ယှဉ်တွဲလေ့လာလို့ရပါပြီ။ သတင်းမီဒီယာ ကောင်စီက ဘာတွေလုပ်ပေးနိုင်သလဲဆိုတာလည်း ဘကြီးသုံး သပ်ပြပါဦး။ ဘကြီး။ သတင်းမီဒီယာဥပဒေပုဒ်မ ၉ မှာ တာဝန်နှင့် ကျင့်ဝတ် စည်းကမ်းတွေ ပြဋ္ဌာန်းထားတယ်။ စွပ်စွဲတိုင်ကြားချက်တွေကို ညှိနှိုင်းဖြေရှင်းပေးဖို့ ဖြစ်တယ်။ ညှိနှိုင်းဖြေရှင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ဆောင်ရွက်ရ တယ်။ နစ်နာသူ တစ်ဦးဦးက တိုင်ကြားနိုင်တယ်။ (တိုင်ကြား ရမည်) လို့ မပြဋ္ဌာန်းထားဘူး။ ပေါက်စ။ ဒါထက်ရှင်းအောင်ပြောပြပါဘကြီး။ ဘကြီး။ ဒါထက်ရှင်းအောင် ထပ်ရှင်းရရင်တော့ နစ်နာသူ မည်သူမဆို၊ မိမိနစ်နာတဲ့အတိုင်း (ပေါ်ပေါက် ချက်အတိုင်း) လွတ်လွတ်လပ်လပ် တိုင်ကြားနိုင်တယ်။ ပထမ တိုင်ချက်ကို ရဲတပ်ဖွဲ့က လက်ခံမယ်။ စုံစမ်းစစ်ဆေးမယ်။ ပြီးရင် ဘာပုဒ်မနဲ့ အကျုံးဝင်သလဲဆိုတာ သက်ဆိုင်ရာ ဥပဒေအရာရှိက အကြံပြုမယ်။ ပြီးရင် ငြိစွန်းတဲ့ ဥပဒေပုဒ်မနဲ့ တရာရုံး (တရားသူ ကြီး)ဆီသို့ တရားစွဲတင်မယ်။ ရှင်းအောင်ပြောချင်တာက နစ်နာသူ (တရားလို) ဟာ မိမိနစ်နာမှုအတွက် မိမိဆန္ဒနဲ့အညီ ဖြစ်စဉ်အမှန်ကို တိုင်ကြားနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာပဲ။ ဘယ်ပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတာကတော့ ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိနဲ့ တရားသူကြီးတွေရဲ့ ဆက်စပ်နေတဲ့ တာဝန် (အလုပ်)တွေပဲ ဖြစ်တယ်။ ဥပဒေနဲ့အညီ ဆက်လုပ်ကြလိမ့်မယ်။ သတင်းမီဒီယာ ဥပဒေပုဒ်မ ၉ (က) မှာလည်း သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှ ပြည့်စုံစေရန် စိစစ် ခြင်းဆိုတဲ့ သတင်းမီဒီယာသမားတွေ လိုက်နာရမည့် တာဝန်နှင့် ကျင့်ဝတ်များခေါင်းစဉ်နဲ့ ပြဋ္ဌာန်းထားတယ်။ သတင်းမီဒီယာ သမားများ လိုက်နာဖို့ လိုအပ်တယ်။ ပေါက်စ။ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်မပေးဘဲ ဖိနှိပ်နေတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေ တယ်။ ဆွေးနွေးပေးပါဦးဘကြီး။ ဘကြီး။ သတင်းလွတ်လပ်ခွင့်တွေ အတော်အတန် ရနေပြီ။ သတင်းမီဒီယာကောင်စီလည်း ပေါ်ပေါက်နေပြီ။ သတင်းသိပိုင်ခွင့် Right to Information စတာတွေရေးဖို့၊ ပြဋ္ဌာန်းဖို့လည်း ခရီးစနေပြီ မဟုတ်လား။ ဘကြီးက ဥပဒေအကြောင်းပဲ ပိုပြောတတ်တယ်။ ပေါက်စ။ ပုဒ်မ ၅ဝဝ နဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ကို ဖျက်မပစ်သင့်ဘူးလား ဘကြီး။ ဥပဒေ အမြင်ပြောပါ ခင်ဗျာ။ ဘကြီး။ ကိစ္စရပ်တစ်ရပ်တည်း ကြည့်လို့မသင့်ဘူး။ ဘက်စုံ ၊ ထောင့်စုံ ကြည့်ပြီး စဉ်းစားသင့် တာပေါ့။ တည်ဆဲဥပဒေတွေအပေါ် ကောင်းသောအမြင်နဲ့ သုံးသပ်ပြီး ဝေဖန်အကြံပြုကြပါ။ ပြင်သင့်တာ ပြင်ရမှာပါ။ ဥပဒေပြဋ္ဌာန်းခဲ့တဲ့ ခေတ်ကာလအခြေအနေ၊ ယနေ့လက်ရှိ အခြေအနေ၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု စသည်ဖြင့် ကျယ်ကျယ် ပြန့်ပြန့် သုံးသပ်ပါ။ ဥပဒေအမြင်၊ နိုင်ငံရေးအမြင်၊ ပြည်သူ့အမြင် တွေ အခြေခံကြရမှာပေါ့။ ပုဂ္ဂလိက အကျိုးစီးပွားလား။ နိုင်ငံအကျိုးစီးပွားလား။ အများဆန္ဒ၊ ပြည်သူ့ဆန္ဒ အခြေခံ စဉ်းစားသင့်ပါတယ်။ ပေါက်စ။ ကျေးဇူးပါဘကြီး။ နောက်တစ်ပတ်ပြန်လာခဲ့ပါ ဦးမယ်ခင်ဗျား။
Source : http://ift.tt/2eVWgOR
via IFTTT

No comments:

Post a Comment