Glamour မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ် ထူးချွန် အမျိုးသမီး စာရင်းမှာ အမျိုးသား အဆိုတော် ဘိုနို ပါဝင် ကမ္ဘာကျော် ရော့ခ်တေးဂီတအဖွဲ့ U2 ရဲ့ခေါင်းဆောင် အဆိုတော် ဘိုနိုဟာ Galmour မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ ၂၀၁၆ ခုနှစ် အတွက် ထူးချွန် အမျိုးသမီး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဘိုနိုဟာ အမျိုးသမီး တန်းတူ ညီမျှ အခွင့်အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့အတွက် အခုလို ရွေးချယ်ခဲ့တာ ဖြစ်ပြီး ဒီစာရင်းမှာ ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ အမျိုးသားလည်း ဖြစ်တယ်လို့ Glamour မဂ္ဂဇင်းကြီးက ဖော်ပြခဲ့ပါတယ်။ အဲဒီလို ရွေးချယ် ဖော်ပြခံရမှုနဲ့ ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ဘိုနိုကတော့ သူ့အနေနဲ့ ဂုဏ်ယူမိပေမယ့် ဒီလို ဖော်ပြခံရဖို့ ထိုက်တန်ခြင်း မရှိကြောင်းနဲ့ ကျား၊ မ တန်းတူ ညီမျှမှု အခွင့်အရေး တိုက်ပွဲဟာ အမျိုးသားတွေ ကိုယ်တိုင်ပါဝင်ခြင်း မရှိဘဲ မအောင်မြင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုနို ပါဝင်ခဲ့တဲ့ Glamour မဂ္ဂဇင်းရဲ့ ယခုနှစ် ထူးချွန် အမျိုးသမီး စာရင်းမှာ အမျိုးသမီး သရုပ်ဆောင် ဂွမ်စတက်ဖန်နီ၊ ဇန်ဒါယာနဲ့ အိုလံပစ် အားကစားမယ် ဆိုင်မွန်ဘိုင်းလ်စ်တို့လည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ထူးချွန် အမျိုးသမီး စာရင်းမှာ ဘိုနိုကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး Glamour မဂ္ဂဇင်းကြီးကို ပြင်းထန်တဲ့ ဝေဖန်လှောင် ပြောင်မှုတွေ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေထက်မှာ ထွက်ပေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
Source : https://goo.gl/WqzXhR
via IFTTT
No comments:
Post a Comment