"ကိုဖီအာနန် စစ်တွေရောက်ပြီ၊ ကန့်ကွက်ဆန္ဒပြမှုတွေလည်းရှိနေ" မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ ဒီဇင်ဘာ ၂ ရက် မနက်မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ကိုအာနန် စစ်တွေကို ရောက်ချိန်မှာ ဒေသခံအချို့က အလိုမရှိကြောင်းဆန္ဒဖော်ထုတ်တာတွေ ရှိခဲ့ပါတယ်။ စစ်တွေမြို့မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေကို သွားရောက်မှာ ဖြစ်ပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ကို မတွေ့ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ရခိုင် အဖွဲ့အစည်း ၇၀ ကျော်ပါဝင်တဲ့ လူမှုအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီက ဆုံးဖြတ်ထားပါတယ်။ ကိုဖီအာနန်ရဲ့ ပထမဆုံး ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ မရှိတဲ့ လူမျိုး အမည်ကို တရားဝင်ရှိတဲ့ပုံစံ သုံးနှုန်းသွားတာကို ကန့်ကွက်ပြီး အဲဒီကိစ္စကို ဖြေရှင်းမပေးသရွေ့ သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ ရုပ်သံသတင်းထောက်- မောင်ကံ၊ အောင်မျိုးထွန်း
Source : http://ift.tt/2gTUOKX
via IFTTT
No comments:
Post a Comment