Friday, December 2, 2016


မြန်မာနှင့်ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ် အဆုံးအဖြတ် စည်းမျဉ်းများ (၁) အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ကစားရမည် ဖြစ်၍ ရလဒ်တူညီလျှင် အဝေးဂိုး ရရှိသည့်အသင်းက ဗိုလ်လုပွဲတက်မည် ဖြစ်ပါသည်။ (၂) အိမ်ကွင်း အဝေးကွင်း ပွဲစဉ် (၂) ပွဲလုံး (၀-၀) (၀-၀)၊ (၁-၁) (၁-၁)၊ (၂-၂) (၂-၂) ရဂိုးပေးဂိုး အဝေးဂိုး တူညီနေလျှင် ဒုတိယအကျော့ ပွဲစဉ်သည် အချိန်ပို (၁၅) မိနစ်စီ ၂ ပိုင်း ခွဲကစားကာ အဆုံးအဖြတ် ယူပါမည်။ (၃) အချိန်ပိုတွင် အနိုင်ရသည့် အသင်းက ဗိုလ်လုပွဲတက်မည် ဖြစ်ပြီး နှစ်သင်းစလုံး အချိန်ပိုတွင် သွင်းသည့် သွင်းဂိုးတူညီနေလျှင် (ဥပမာ - တစ်ဂိုးစီ သရေ) ဖြစ်နေလျှင် အဝေးဂိုး စည်းမျဉ်းအရ ဧည့်သည်အသင်းက ဗိုလ်လုပွဲတက်မည် ဖြစ်ပါသည်။ (၄) အချိန်ပိုအထိ အဆုံးအဖြတ် မဖြစ်နိုင်သေးလျှင် ပင်နယ်တီ ကန်သွင်းခြင်းဖြင့် ဆက်လက်ဆုံးဖြတ်သွားပါမည်။ Source - ဇော်မင်းထိုက် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)
Source : https://goo.gl/Yfddq2
via IFTTT

No comments:

Post a Comment