Sunday, December 4, 2016


ရခိုင်ပြည်နယ်မှ ဘင်္ဂလီများအရေး ဆန္ဒပြရာတွင် မလေးရှား ဝန်ကြီးချုပ် ပါဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလီများအရေးနှင့် ပတ်သက်ပြီး မလေးရှားရောက် ဘင်္ဂလီများ ပြုလုပ်သည့် ဆန္ဒပြပွဲတွင် မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း Strait Times သတင်းဌာနတွင် ဖော်ပြထားသည်။ မလေးရှား အာဏာပိုင်များ အနေဖြင့် မိမိတို့ တိုင်းပြည်၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် မြန်မာအစိုးရက သတိပေးခဲ့သော်လည်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ယနေ့ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဆန္ဒပြပွဲတွင် ဝန်ကြီးချုပ် နာဂျစ်ရာဇက်အပြင် အခြားမလေးရှား နိုင်ငံရေးပါတီများမှ ထိပ်တန်းတာဝန်ရှိသူများလည်း ပါဝင်ခဲ့သည်။ မြန်မာအာဏာပိုင်များဘက်မှ သတိပေးမှုများ ရှိသော်လည်း ၎င်းအနေနှင့် ဂရုမစိုက်ကြောင်း၊ ၎င်းမှာ မလေးရှား ပြည်သူများနှင့် လူမှုဝန်းကျင်၏ ကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးအဖြစ် ယခုဤဆန္ဒပြပွဲတွင် တက်စွမ်းသမျှ ပါဝင်ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ပြောကြားခဲ့သေးသည်။
Source : https://goo.gl/nxIniq
via IFTTT

No comments:

Post a Comment