Monday, December 5, 2016


တစ်ကိုယ်တော်ပွဲမှာ သားဖြစ်သူကို ပွဲထုတ်လာတဲ့ ဇော်ဝင်းရှိန် အဆိုတော် ဇော်ဝင်းရှိန် က အသက် (၆၀)နှစ်ပြည့် အမှတ် တရတစ်ကိုုယ်တော် ဖျော်ဖြေပွဲ ကို ဒီဇင်ဘာ ၃ ရက်တွင် အမျိုး သား ကဇာတ်ရုံ၌ ပြုလုပ်ခဲ့ရာ ပရိသတ်အားပေးမှုများရရှိခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲသည် ဇော်ဝင်းရှိန်၏ ဂီတသက်တမ်း တစ်လျှောက် ပထမဆုံးပြုလုပ် သည့် တစ်ကိုယ်တော်ပွဲဖြစ်ပြီး စုစု ပေါင်းသီချင်း ပုဒ်ရေ ၃၀ ခန့် သီဆိုခဲ့သည်။ ဖျော်ဖြေပွဲကို အပိုင်းသုံးပိုင်း ခွဲ၍ တင်ဆက်ခဲ့ပြီး ပထမပိုင်းနှင့် တတိယပိုင်း အစီအစဉ်တွင် တီးဝိုင်းနှင့် ဖျော်ဖြေခဲ့ကာ ဒုတိယပိုင်းအစီအစဉ်ကို Unplugged ပုံစံဖြင့် ဖျော်ဖြေခဲ့သည်။ သီချင်းအများစုကို တစ် ကိုယ်တော်သီဆိုခဲ့ပြီး စုံတွဲသီချင်း များအဖြစ် ချောစုခင်နှင့် ‘သံသယများ’၊ ဆုန်သင်းပါရ်နှင့် ‘ချစ်တတ်လာပြီ’၊ Lဆိုင်းဇီနှင့် ‘တောင်းရမ်း လက်ထပ်ယူပါမယ်’၊ အိုင်ရင်းဇင်မာမြင့်နှင့် ‘နှစ်ယောက်တည်း အသိဆုံး’၊ စိုးပြည့်သဇင်နှင့် ‘သူပဲ’စသည့်သီချင်းများ ဖျော်ဖြေခဲ့ သည်။ Unplugged အစီအစဉ် တွင် ၎င်း၏ သားဖြစ်သူ ဝေမင်းရှိန်က ‘ငွေလမင်းရဲ့ အဝေးကလူ’သီချင်းကို အမှတ်တရသီဆိုခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့သည်။ ၎င်း၏သားသည် ဇော်ဝင်းရှိန်သီဆိုစဉ် သီချင်းအချို့တွင် စန္ဒရားတီးခတ် ပေးခဲ့ပြီး ဇော်ဝင်းရှိန်ကလည်း ကိုယ်တိုင်ဒရမ်တီးခတ်၍ သီချင်း တစ်ပုဒ်သီဆိုခဲ့သည်။ ထို့အပြင် အချို့သီချင်းများ ကို အကအဖွဲ့များနှင့် တင်ဆက် ခဲ့ပြီး ၎င်း၏ နာမည်ကြီးသီချင်းများ ဖြစ်သည့် ‘ပိုင်ရှင်’နှင့် ‘ဘီယာကျန် သေးလား’သီချင်းများကို နှုတ်ဆက်သီချင်းအဖြစ် ဖျော်ဖြေခဲ့ သည်။
Source : http://ift.tt/2gUbq6i
via IFTTT

No comments:

Post a Comment