Monday, December 5, 2016


မြန်မာ-ထိုင်း ဘောလုံးပွဲ လက်မှတ် မှောင်ခိုရောင်းသူ ရှစ်ဦးကို ထောင်ဒဏ် ခုနှစ်ရက် အမိန့်ချ ရန်ကုန်၊ ဒီဇင်ဘာ ၅ Suzuki Cup ဆီမီးဖိုင်နယ် မြန်မာ-ထိုင်း ဘောလုံးပွဲတွင် လက်မှတ်မှောင်ခို ရောင်းသူ ရှစ်ဦးကို ဒီဇင်ဘာလ ၅ ရက် ညနေ ၃ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၄၁/၁၆ ဖြင့် ထောင်ဒဏ် ခုနှစ်ရက် အမိန့် ချခဲ့သည်။ အဆိုပါ ရှစ်ဦးမှာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ပြီး ၎င်းတို့က အထူးတန်း ရိုးရိုးတန်း လက်မှတ်များ ကိုင်ဆောင်ပြီး ဘောလုံးကွင်းအနီး လက်မှတ် တစ်စောင်လျှင် ကျပ် နှစ်သောင်းဝန်းကျင်ဖြင့် လိုက်လံ ရောင်းချနေစဉ် ဖမ်းမိခဲ့ကြောင်း ဘောလုံးကွင်း လုံခြုံရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။ Suzuki Cup အုပ်စုပွဲစဉ် မြန်မာ- မလေးရှား ဘောလုံးပွဲတွင် လက်မှတ် မှောင်ခိုရောင်းသူ လေးဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၄၁/ ၁၆ ဖြင့် ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချခဲ့သည်။ နိုင်ငံတကာ ဘောလုံး ပွဲစဉ်များတွင် လက်မှတ် မှောင်ခို ရောင်းမှုများ အမြဲဖြစ်ပွားနေပြီး ဖမ်းဆီး အရေးယူခြင်းထက် မှောင်ခိုလောက ပပျောက်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်မှတ် ရောင်းချမှုကို သေချာ စိစစ်စေလိုကြောင်း ရဲအရာရှိ တစ်ဦးက ၎င်းအမြင်ကို သုံးသပ် ပြောကြားသည်။
Source : https://goo.gl/dXUaJm
via IFTTT

No comments:

Post a Comment