Wednesday, December 7, 2016

ရခိုင်ပြည်နယ်အခြေအနေကြောင့် အာဆီယံဒေသတွင်း မတည်ငြိမ်မှုများ မဖြစ်ပွားစေရန် ဆောင်ရွက်နို

ရခိုင်ပြည်နယ်အခြေအ နေများကြောင့် အာဆီယံဒေသ တွင်း မတည်ငြိမ်မှုများ မဖြစ်ပွား စေရေးနှင့် အခြေအနေအရပ်ရပ် ကို ထိန်းချုပ်ဆောင်ရွက်သွားနိုင် မည်ဟု မျှော်လင့်ကြောင်း မစ္စတာ ကိုဖီအာနန်က ပြောကြားသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် သည် ဒီဇင်ဘာ ၆ ရက်က ရန်ကုန် မြို့၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ‘‘ဒီအခြေအနေတွေ ကြောင့် အာဆီယံမှာ မတည်ငြိမ် မှုတွေဖြစ်တဲ့ဆီကို ဦးတည်မသွား ဖို့တော့ ကျွန်တော်မျှော်လင့်ပါ တယ်။ ဒီအခြေအနေတွေကို ထိန်းချုပ်ပြီး ထိန်းသိမ်းဆောင်ရွက်သွား နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နားလည်သဘောပေါက်မှုရှိဖို့ ဘယ်လိုနေရာတွေမှာလဲဆိုရင် နယ်စပ်ထိန်း ချုပ်တာ၊ နယ်စပ်ကို ဖြတ်ကျော် သွားလာတာ ဒါမျိုးတွေမှာ အိမ် နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ လိုအပ်ပါတယ်’’ဟု ထည့် သွင်းပြောကြားသည်။အကြံပေးကော်မရှင်ဥက္ကဋ္ဌ က ဆက်လက်၍ ‘‘နိုင်ငံတစ်နိုင်ငံ မှာ ပြဿနာရှာတဲ့သူတွေကို သူ တို့အကြောင်း သတင်းအချက်အ လက်တွေကို အိမ်နီးချင်းနိုင်ငံတွေ နဲ့ မျှဝေဖို့ ပူးပေါင်းဆောင်ရွက်ဖို့ နားလည် သဘောပေါက်ဖို့ လို အပ်ပါတယ်’’ဟု ရှင်းလင်းပြော ဆိုခဲ့သည်။ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်သည် ရခိုင်ပြည်နယ်သို့ သုံးရက်ကြာ သွားရောက်လေ့လာ ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်တို့နှင့် နေပြည်တော်တွင် သီး ခြားစီတွေ့ဆုံခဲ့သည်။ ကော်မရှင် ၏ ပဏာမအစီရင်ခံစာကို ဖေဖော်ဝါရီလမကုန်မီ အစိုးရထံ တင်သွင်းမည်ဖြစ်သည်။ ထို့အပြင် ကိုဖီအာနန်က ‘‘ဂျီနိုဆိုက် ဒီလိုမျိုးကိစ္စတွေ လူမျိုး တုံးသတ်ဖြတ်မှုဆိုတဲ့ ဒီဝေါဟာ ရတွေဟာဖြင့် ပြင်းထန်တဲ့ စကား လုံးတွေ ဖြစ်ပါတယ်။ ဒီဝေါဟာရ တွေသည် ဥပဒေအရ ပြန်သုံးသပ် ပြီး တရားစီရင်ရေးအရ ဆုံးဖြတ် ပြီးမှ သုံးသင့်တဲ့ ဝေါဟာရတွေဖြစ် တယ်။ လက်လွတ်စပယ် အလွတ် သဘော သုံးသင့်တဲ့ ဝေါဟာရ မဟုတ်ဘူးလို့ ပြောချင်ပါတယ်’’ ဟု ရခိုင်အရေးတွင် နိုင်ငံတကာ မီဒီယာနှင့် အဖွဲ့အစည်းအချို့ သုံးစွဲနေသည့် ဝေါဟာရများနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
Source : http://ift.tt/2h3LyFd
via IFTTT

No comments:

Post a Comment