Wednesday, December 7, 2016

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်တွင် လုယက်မှု ဖြစ်ပွား | Eleven Media Group

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ်တွင် လုယက်မှု ဖြစ်ပွား ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့နယ် ၃၈ လမ်း အလယ်ဘလောက်ရှိ အထည်ဆိုင်တစ်ဆိုင်အား ယနေ့ (ဒီဇင်ဘာ ၇ ရက်) ညနေ ၅ နာရီဝန်းကျင်ခန့်က လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဆိုင်တွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် အမျိုးသားတစ်ဦးက ဆိုင်ရှိ ရောင်းရငွေများနှင့် လက်ဝတ်ရတနာများကို ယူဆောင်သွားကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။ “အနုကြမ်းစီးတာမျိုးတော့ မဟုတ်ဘူး။ ကျူးလွန်သူက လက်နက်မပါဘူး။ ကောင်မလေးကို သိုင်းဖက်ပြီး လက်ဝတ်ရတနာတွေ ယူသွားတယ်။ ဆိုင်မှာ နှစ်ယောက်ရှိတာ တစ်ယောက်က အပြင်သွားတယ်။ ကျူးလွန်သူရဲ့ ဖိနပ်တော့ ကျန်ခဲ့ပါတယ် ။ပြောချင်တာက အနုကြမ်းစီးတာမျိုးတော့ မဟုတ်ပါဘူး။ ကျူးလွန်သူကို ရှာဖွေနေပါတယ်” ဟု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက မီဒီယာများ၏ မေးမြန်းမူအား ဖြေကြားခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခံရသည့် အမျိုးသမီးအား စခန်းတွင် မေးမြန်းလျှက်ရှိပြီး CCTV မှတ်တမ်းအား ကြည့်ရူစစ်ဆေးရန် ဆောင်ရွက်လျှက်ရှိကြောင်း ကျောက်တံတားရဲစခန်းမှ မေးမြန်းသိရှိရသည်။ ■ဝေလင်းအောင်
Source : http://ift.tt/2hil9CJ
via IFTTT

No comments:

Post a Comment