တရုတ်ပြည် အတွင်းပိုင်း ၁၀ မိုင်အထိ ရှောင်တိမ်းရန် တရုတ်ရဲတို့ သတိပေး။ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ 2/12/2016 နေ့ ညနေ ၅ နာရီခွဲ။ တရုတ် မန်ဟိုင်းရှိ စစ်ဘေးရှောင် တိုင်းရင်းသားများအပါအဝင် ဒေသခံ တရုတ်လူမျိုးများအားလုံးတို့အား လက်ရှိနေရာမှ တရုတ်ပြည် အတွင်းပိုင်း ၁၀ မိုင်အထိ ခုချက်ချင်း ဆုတ်ခွာကြရမည်ဟု တရုတ်ရဲတို့ကပြောကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံ မုန်းကိုးမြို့တိုက်ပွဲဖြစ်ပွားမှု ဧရိယာသည် တရုတ်ပြည်အတွင်း သက်ရောက်နိုင်သောကြောင့်ဟုဆိုပါသည်။ ယခင် ၂ ရက်လောက်ကလည်း တရုပ်ရဲတို့ သတိပေးပြီးနောက် သူပုန်တပ်ဖွဲ့များမှ စစ်အင်အား ဖြည့်တင်းပြီး မြန်မာ့တပ်မတော်စခန်းများအား အပြင်းအထန် တိုက်ခိုက်မှု ဖြစ်ခဲ့သည်။ ယခုလည်း တရုပ်ရဲတို့ ထပ်မံ သတိပေးမှုပြုလုပ်နေပြန်သဖြင့် မြန်မာ့တပ်မတော် အနေဖြင့် အထူးသတိထားသင့်ပါတယ်။ ယခု ညနေ ၄ နာရီအချိန်ခန့်မှစ၍ လူအားလုံး ဝရုန်းသုန်းကား အနေအထားဖြင့် ထွက်ခွာနေကြပြီဖြစ်ကြောင်း သိရှိရသဖြင့် ယနေ့ညပိုင်းကစ၍ သတိထားရမှာ ဖြစ်ပါတယ်။ ယနေ့ တစ်နေ့လုံး မုန်းကိုးမြို့တွင် တိုက်ပွဲများ အလွန် ပြင်းထန်သည်ဟု ဆိုပါသည်။ သောင်းကျန်းသူများဟာ မြို့ထဲရှိ အခိုင်အမာ တိုက်ကြီးများအတွင်း အင်အားများစွာဖြင့် နေရာယူ တိုက်ခိုက်နေသော ကြောင့် မြန်မာ့တပ်မတော်လေမှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ဂျက်ဖိုက်တာများ အသုံးပြု၍ ကြီးမားပြင်းထန်သော ဗုံးကြီးများ ကြဲချတိုက်ခိုက်သောကြောင့် တရုတ်ပြည် မန်ဟိုင်းမြို့ အထိ ခြောက်ခြားဖွယ် အသံများ ကြားရကြောင်း စစ်ဘေးရှောင်များက ပြေားကြားပါသည်။ မုန်းကိုးပတ်ဝန်းကျင် တခုလုံးကို တပ်မတော်ကြည်း လေ အမြှောက် သံချပ်ကာ တင့်ကားတို့ဖြင့် အပြင်းအထန် တိုက်ခိုက်တော့မည် ဖြစ်ကြောင်းလည်း ကြားသိရပါသည်။ ယခုအခါ စစ်ဘေးရှောင် တိုင်းရင်းသားများမှာ ပို၍ဝေးသော တရုတ်ကျေးရွာများသို့ ထွက်ခွာသွားကြပြီ ဖြစ်ပါသည်။ ယနေ့ညမှ စ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနိုင်ပါကြောင်း နှင့် မိမိတပ်မတော်သားများ အနေဖြင့်လည်း သတိဝီရိယ ပိုမိုထားနိုင်ပါရန် တင်ပြအပ်ပါတယ်။ CKKM
Source : http://ift.tt/2gxcyia
via IFTTT
No comments:
Post a Comment