Tuesday, December 6, 2016

MOI Webportal Myanmar

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ပြုလုပ်သည့် မလေးရှား အာဏာရပါတီ၏ လူထုစည်းဝေးပွဲ ကို ကျေနပ်မှုမရှိကြောင်း သဘောထား ထုတ်ပြန် ရန်ကုန် ဒီဇင်ဘာ ၅ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များအပေါ် မလေးရှား အာဏာရ ပါတီဖြစ်သည့် UMNO က ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင်ပြုလုပ်ခဲ့သည့် လူထုစည်းဝေးပွဲကြီးကို မြန်မာနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်းက သဘောထား ကွဲလွဲကြောင်းဖော်ပြသည့် ကြေညာချက်တစ်စောင်ကို မြန်မာနိုင်ငံရှိ မွတ်စလင် မဟာမိတ်အရပ်ဘက်အဖွဲ့အစည်း (Coalition of Myanmar Muslim Civil Society Groups)က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းသည် မဖြစ်သင့်သောကိစ္စ မြန်မာနိုင်ငံ ရှိ မွတ်စလင် အဖွဲ့အစည်းက မလေးရှားဝန်ကြီးချုပ် ဦးဆောင် သည့် အဆိုပါလူထုစည်းဝေးပွဲသည် မလေးရှား အာဏာရပါတီ ၏ နိုင်ငံရေးအကျိုး စီးပွားအတွက်သာ ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပေါ်နေ သည့် နိုင်ငံရေးအရှုပ်အထွေးများအပေါ် ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းသည် မဖြစ်သင့်သော ကိစ္စရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရှုပ်ထွေးနေသည့် နိုင်ငံရေး အခြေအနေများအပေါ် ဘာသာရေးကိစ္စများနှင့် ရောထွေးကာပြောဆိုခဲ့သည့် ဝန်ကြီးချုပ်၏ ပြောဆိုမှုအပေါ် မနှစ်မြို့ကြောင်း၊ မြန်မာနိုင်ငံရှိ မွတ်စလင်အဖွဲ့အစည်း အနေဖြင့် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကို ဘာသာရေးနှိပ်ကွပ်မှု တစ်ရပ်အနေဟုမယူဆဘဲ အငြင်းပွားဖွယ်ရာ လူမျိုးရေးပြဿနာရပ်ဟုသာယူဆ ကြောင်း အခိုင်အမာပြောဆိုလိုသည်ဟု သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အပြုသဘောဆောင်သည့် ရလဒ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ပါဝင်သည့် အကြံပေး ကော်မရှင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းအပါအဝင် တည်ငြိမ်အေးချမ်းမှု အတွက် ကြိုးပမ်း အားထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လတ်တလောဖြစ် ပွားနေသည့် လူမျိုးရေး ကိစ္စရပ်သည် ဆတ်ဆတ်ထိမခံနိုင်သော အခြေအနေတစ်ရပ်ဖြစ်သည့်အတွက် အထူးသတိထားကိုင်တွယ်ရမည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း၊ ရေရှည်တည်ငြိမ် အေးချမ်းမှုအတွက် နိုင်ငံတကာ၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများနှင့် ချဉ်းကပ် ဆောင်ရွက်မှုများ လိုအပ်နေကြောင်း၊ ရှုပ်ထွေးသည့်အခြေအနေများကြောင့် ရခိုင်ပြည်နယ် အရေးဖြေရှင်းမှုသည် မျှော်မှန်းထားသလောက် တိုးတက်မှုမရ ရှိ သေးကြောင်း၊ ထိုသို့သောအခြေအနေမျိုးတွင် ခိုင်လုံမျှတသည့် အချက်အလက် များမရှိဘဲ မလေးရှား၌စတင်လိုက်သည့် လူထုစည်းဝေး ပွဲကြီးကြောင့် ရှုပ်ထွေး နေသည့် အခြေအနေများ ရှိရင်းစွဲထက် ပိုမိုဆိုးရွား သွားစေနိုင်မည်ကို ပြည်သူ လူထုအနေဖြင့် စိုးရိမ်နေရကြောင်း၊ အာဆီယံအသိုက်အဝန်း၏ တည်ငြိမ်အေးချမ်း မှုနှင့် စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နေသည်ဟု ယူဆကြောင်းနှင့် အပြု သဘောဆောင်သည့် ရလဒ်ထွက်ပေါ်လာစေပြီး နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ကို လေးစားသောကူညီမှုမျိုးကိုသာ လက်ကမ်းကြိုဆို သွားမည်ဖြစ် ကြောင်း သဘောထားထုတ်ပြန်ခဲ့ကြောင်း သိရသည်။ Coalition of Muslim Civil Society Groups in Myanmar release announcement regarding a rally on Myanma issue in Malaysia ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ December 5 Muslim Community in Myanmar released an announcement on December 5 to denounce a rally regarding Myanma internal affairs led by the Unite Malays National Organization (UMNO) that is a ruling party in Malaysia that was held on December 4. The announcement of the Coalition of Muslim Civil Society Groups in Myanmar said that the rally led by Malaysian Prime Minister Dato’ Sri Haji Mohammad Najib Bib Tun Haji Abdul Razak was held with the aim for the political interest of the Malaysia’s ruling party. In the announcement, the groups also said that it should not be exploited for the self-interest and political purposes by making a stepping stone of the crises and unfortunate situation that Myanmar is facing now and they also criticized Malaysian Prime Minister in the announcement. The announcement also said that Muslim Community in Myanmar does not take the problems as religious persecution and reasserted the problems as a controversial ethnic issue. As the Rakhine State issue is very sensitive one, the Muslim community in Myanmar also stressed the need to take international cooperation in solving the problems. Only then, the fruitful results of peace can emerge in the region. Myanmar Government is also implementing the tasks to solve the problems in Rakhine State by forming the Rakhine State Advisory Commission led by the former United Nations Secretary General Kofi Annan. The announcement also revealed that the government is now handling every issue but the positive results have not come out yet now for the concerned organizations because of the confused situations. In such a situation, the poorly informed activities like Malaysia rally could further worsen the current difficult situation and be considered as a threat to the peace and stability of ASEAN community, the announcement said. And any discrimination based on Religion and race would not be tolerated and the constructive proposals that would respect the national sovereignty would be welcomed, said the announcement.
Source : http://ift.tt/2g4w1D0
via IFTTT

No comments:

Post a Comment