အာကာသထဲမှ တိုက်ခိုက်နိုင်စွမ်း ရှိမည့် နျူကလီးယား ဗုံးကြဲလေယာဉ်သစ် ဒီဇိုင်းကို ရုရှားစစ်တပ်က ထုတ်ဖော် ပြသလိုက်သည်။ ==================== အဆိုပါ လေယာဉ်သည် စမ်းသပ်တည်ဆောက်ဆဲ အဆင့်တွင် ရှိနေပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ပျံသန်းနိုင်ရန် လျာထားကြောင်း သိရသည်။ ရုရှားစစ်ဘက် အကြီးအကဲများက အဆိုပါ နည်းပညာသစ် ဗုံးကြဲလေယာဉ်၏ အင်ဂျင်ကို စမ်းသပ်မောင်းနှင်ကြည့်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗုံးကြဲလေယာဉ်သစ်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ တိကျသော အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးသည့်တိုင် အသံလွန် မြန်နှုန်းဖြင့် ပျံသန်းပြီး ကမာ္ဘပေါ်ရှိ မည်သည့် နေရာသို့မဆို ၂ နာရီအတွင်း အရောက်သွားကာ နျူကလီးယား ထိပ်ဖုံးတပ် ဗုံးများ ကြဲချနိုင်စွမ်း ရှိလိမ့်မည်ဟု ဆိုသည်။ ဗုံးကြဲလေယာဉ်သစ်၏ စမ်းသပ်ထားသော အင်ဂျင်ကို Army-2016 နိုင်ငံတကာ စစ်ဘက်နည်းပညာ ဆွေးနွေးပွဲတွင် ရုရှားက လက်တွေ့ခင်းကျင်း ပြသလာဖွယ် ရှိသည်။ အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ မော်စကိုတွင် ကျင်းပမည် ဖြစ်သည်။ ထိုအင်ဂျင်သည် အာကာသထဲထိ ခရီးဆန့် ပျံသန်းနိုင်မည့် လေယာဉ်မျိုးအတွက် ရည်ရွယ် တည်ဆောက်ပြီး ရုရှား၏ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ အကယ်ဒမီက တာဝန်ယူ အဆင့်မြှင့်တင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဆာဂျီ ကာရာကေ့ဗ်က ပြောကြားခဲ့သည်။ “လေယာဉ်အင်ဂျင်ရဲ့ စွမ်းဆောင်ရည် ကဏ္ဍက လက်တွေ့ စမ်းသပ် အတည်ပြုထားပြီး ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။ “ဗုံးကြဲလေယာဉ်ရဲ့ အဓိက ရည်ရွယ်ချက်က သာမန် မြေပြင်အခြေစိုက် စခန်းတစ်ခုက ပျံတက်ပြီး ရုရှားရဲ့ လေပိုင်နက်ကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ အမိန့်တွေ ရရှိရင် လေယာဉ်ဟာ ချက်ချင်း အာကာသထဲ ပျံတက်သွားပြီး သတ်မှတ် ပစ်မှတ်ကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်၊ ပြီးတာနဲ့ အခြေစိုက်စခန်းကို ပြန်လာနိုင်စွမ်း ရှိပါလိမ့်မယ်”ဟုလည်း ကာရာကေ့ဗ်က ရှင်းပြခဲ့သည်။ မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့ အကယ်ဒမီ၏ အဆိုအရ ယင်းဗုံးကြဲလေယာဉ်၏ အင်ဂျင်သည် ကမ္ဘ့ာလေထုထဲ ပျံသန်းနေချိန်တွင် ကယ်ရိုဆင်း လောင်စာကို အသုံးပြုမည်ဖြစ်ပြီး အာကသထဲ ပျံသန်းချိန်တွင်မူ မီသိန်းနှင့် အောက်စီဂျင် ရောစပ်လောင်စာကို အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။
Source : http://ift.tt/29F1ApM
via IFTTT
No comments:
Post a Comment