Thursday, July 14, 2016


ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု ကို ထပ်မံ လုပ်ကိုင်ခွင့်ပြု (ထင်လင်းအောင်) ==================== မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် အဖွဲ့သစ် ၏ ဒုတိယအကြိမ်မြောက် ကော်မရှင် အစည်းအဝေးတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁ ခုကို ထပ်မံ ခွင့်ပြုပေးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုနှင့် ဖက်စပ် ရင်းနှီးမြှုပ်နှံမှုတစ်ခုတို့ကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။ နိုင်ငံသားလုပ်ငန်း လေးခုအနက် ရေထွက်ပစ္စည်း တင်ချခြင်းဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်ခြင်းနှင့် ငါးဈေးတည်ဆောက်သည့်လုပ်ငန်း တစ်ခု လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန်မြို့တွင် ရေထွက်ပစ္စည်း တင်ချ ခြင်းဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်ရန်နှင့် ငါးဈေးတစ်ခု တည်ဆောက်ရန် လိုအပ်ချက်များကို ၂၀၁၂ ခုနှစ်ကတည်းကပင် မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အသင်းဝင်လုပ်ငန်းရှင်များက ဆောင်ရွက်နေကြခြင်းလည်း ဖြစ်သည်။ နောက်ထပ်သုံးခုမှာ ရော်ဘာထုတ် လုပ်ရောင်းချခြင်း၊ မီးအားမြှင့်စက်(ထရန် စဖော်မာ) ထုတ်လုပ်ခြင်းနှင့် ငပလီကမ်းခြေ တွင်ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတို့ ပါဝင်သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများတွင် သိုးမွေး ထုတ်လုပ်မှု လက်ခစားလုပ်ငန်း၊ လက်ခစားအထည်ချုပ်လုပ်ငန်း၊ အထည်ဆေးဆိုးပန်း ရိုက်လုပ်ငန်း၊ ကွန်ကရစ်ဖျော်စပ်သည့် လုပ်ငန်းနှင့် အင်တာနက်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းနှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
Source : http://ift.tt/2a0jiDC
via IFTTT

No comments:

Post a Comment