Sunday, July 17, 2016

7Day News Journal

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဘီအာတီဘတ်စ်ကားစီးပြီး ခရီးသည်များ၏ အခက်အခဲများကို မေးမြန်း (မိုးမင်း) ===================== ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် BRT-Lite ဘတ်စ်ကားစီး၍ ခရီး သည်များနှင့်တွေ့ဆုံကာ အခက် အခဲများကို မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့သည် ဇူလိုင် ၁၆ ရက်နံနက်က ရှစ်မိုင်မှ တိုင်းဒေသကြီးလွှတ်တော် ရုံးရှေ့အထိ BRT-Lite ဘတ်စ်ကား စီးနင်းလိုက်ပါခဲ့ကြခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ အများပြည် သူ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲမှုတွေလုပ်ဖို့ ပြင်ဆင် နေပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ အများပြည်သူအခက်အခဲသိထား ဖို့လည်း လိုတာကြောင့် အခုကား ပေါ်က ခရီးသည်တွေအသံ နား ထောင်ကြည့်ပါတယ်။ ဒီအချိန်က တကယ့် ယာဉ်အကျပ်ဆုံးအချိန် ပါပဲ။ အများပြည်သူ ဘယ်လိုရင် ဆိုင်နေရလဲ၊ ဘယ်လိုအခက်အခဲ ရှိလဲဆိုတဲ့ ဒီအခြေအနေတွေကို ကျွန်တော်တို့ သိမှ ဖြေရှင်းပေးနိုင် မှာဖြစ်ပါတယ်’’ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာများအား ပြောသည်။ ရန်ကုန်ဘတ်စ်ကားအများ နှင့်သက်ဆိုင်သောကုမ္ပဏီ (YB PC) သည် တိုင်းဒေသကြီးအစိုးရ က ရှယ်ယာအများဆုံး ထည့်သွင်းထားသည့် ကုမ္ပဏီတစ်ခုဖြစ်၍ လက်ရှိပြေးဆွဲမှု အခြေအနေကို လေ့လာခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ ‘‘ဝန်ကြီးချုပ်အနေနဲ့က ခရီးသည်တွေအသံ တိုက်ရိုက်ကြား ချင်တာရော၊ နောက်ပိုင်းထပ်ဆွဲ မယ့် အများပိုင်ယာဉ်တွေနဲ့ပတ် သက်လို့ အခြေအနေ ကြိုသိနိုင် အောင်အတွက်ကို လေ့လာတဲ့ သဘောနဲ့ စီးတာပါ။ အခြားဘာမှ ထွေထွေထူးထူး ညွှန်ကြားတာမျိုး တော့ မရှိဘူး’’ဟု BRT-Lite ဘတ်စ်ကားလိုင်း ပြေးဆွဲနေသည့် ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ပြောသည်။ YBPC ကို အစိုးရက ရှယ် ယာ ၅၁ ရာခိုင်နှုန်း၊ အများပြည် သူ ပါဝင်မှုရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် ထူထောင်ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုကျပ် ၁၅ ဘီလီယံကျော်ဖြင့် လည်ပတ်နေသည်။ ရန်ကုန်မြို့၏ ပထမဆုံး BRT-Lite ယာဉ်လိုင်းကို ဖေဖော် ဝါရီ ၉ ရက်က ယာဉ် ၁၅ စီးဖြင့် စတင်ပြေးဆွဲခဲ့ပြီး ယခုအခါ ယာဉ်စီးရေ ၄၀ ကျော်ဖြင့် လမ်းကြောင်းနှစ်ခုခွဲကာ ပြေးဆွဲနေသည်။ အဆိုပါ ယာဉ်လိုင်းသည် ယာဉ်နောက်လိုက် မထားရှိဘဲ ကြိုတင်ငွေပေးကတ်နှင့် ယာဉ်စီးခကို ငွေထည့်သည့်ပုံးအတွင်း စီးနင်းသူက ထည့်သွင်းစီးနင်းနိုင် သည့်စနစ်ကို ကျင့်သုံးထားပြီး သီးခြား ဘတ်စ်ကားမှတ်တိုင်ထားရှိပြေးဆွဲခြင်းကို ကျင့်သုံးထားသည်။ လက်ရှိတွင် ရန်ကုန်မြို့ တွင်း ခရီးသွားများ၏ ထောက်ခံမှု အပြည့်အဝရရှိထားသော ယာဉ် လိုင်းဖြစ်သော်လည်း ခရီးသွားအချို့၏ စည်းကမ်းမဲ့မှုကြောင့် ယာဉ်စီးခငွေ အပြည့်အဝမရရှိခြင်းနှင့် ဘတ်စ်ကားမှတ်တိုင် အချို့ ဖျက်ဆီးခံရသည့် ဆုံးရှုံးနစ်နာမှုများရှိနေသည်ဟု ဒေါက်တာမောင်အောင်က ပြောသည်။ မကြာမီ အဆိုပါယာဉ်လိုင်း မှ တတိယမြောက်လမ်းကြောင်းအသစ်ကို ထပ်မံပြေးဆွဲရန် ပြင်ဆင်နေပြီး ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်အလားတူ အများပိုင်ယာဉ်လိုင်းအသစ်များ ရန်ကုန်မြို့တွင်း၌ထပ်မံ ထွက်ပေါ်လာရန်ရှိကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2a7qs9j
via IFTTT

No comments:

Post a Comment