ဒီမိုကရေစီကို စစ်သားတွေ လုယူလို့ မရ ဆိုပြီး တူရကီ ပြည်သူတွေ ဟစ်ကြွေး =================== တူရကီ နိုင်ငံမှာ စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု မအောင်မြင် ခဲ့တဲ့နောက် နိုင်ငံ တလွှားက မြို့ကြီး တွေမှာ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ လမ်းတွေပေါ် သီချင်းတွေ ဆိုကြ၊ နိုင်ငံတော် အလံတွေ ဝှေ့ရမ်း ကြနဲ့ ရှိနေ ခဲ့ကြပြီး လက်ရှိ အစိုးရကို ထောက်ခံကြောင်း ပြသ နေ ခဲ့ကြပါတယ်။ ည အချိန် ရောက်လာ တဲ့တိုင် အစ္စတန်ဘူလ် မြို့က ရင်ပြင်တွေ မှာ လူတွေ စုဝေး နေကြပြီး တူရကီ နိုင်ငံရဲ့ ဒီမိုကရေစီ ကို စစ်သားတွေ လုယူလို့ မရဘူး ဆိုပြီး ကြွေးကြော် နေခဲ့ ကြပါတယ်။ စစ်အာဏာ သိမ်းဖို့ ကြိုးစား ခံခဲ့ရတဲ့ သမ္မတ ရာဂျစ် တိုင်ရိ(ပ်) အာဒိုအန် ဟာ သူ့ကို ထောက်ခံ အားပေးကြတဲ့ လူအုပ်ကြီးကို ပါလီမန်အရှေ့ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ ဒါဟာ မအောင်မြင် ခဲ့တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပေါ် ခဲ့ပြီး ၂၄ နာရီ မပြည့်ခင်မှာ တူရကီ သမ္မတ ဟာ ပြုံးပြုံးရွှင်ရွှင် သက်တောင့်သက်သာ နဲ့ပဲ လူထုကို စကားပြောလာတာ ဖြစ်ပါတယ်။ ပါလီမန်ရှေ့ စုရုံး နေကြတဲ့ လူထုကြီးကတော့ အာဏာသိမ်းဖို့ အစီအစဉ်ထဲ ပါဝင်ခဲ့ကြ သူတွေကို သေဒဏ် ချမှတ် အပြစ်ပေးဖို့ အော်ဟစ် တောင်းဆို ခဲ့ကြပါတယ်။ မစ္စတာ အာဒိုအန် က အမေရိကန် ရောက် တူရကီ နိုင်ငံရေး အတိုက်အခံ သမား လည်းဖြစ် ဘာသာရေး ဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဖာတူလာ ဂူလန်ဟာ စစ်အာဏာ သိမ်းဖို့ လှုံဆော် ခဲ့သူ အဖြစ် စွပ်စွဲ နေပြီး၊ သူ့ကို တူရကီ နိုင်ငံကို လွှဲပြောင်း ပေးဖို့ အမေရိကန် အစိုးရကို တောင်းဆို နေပါတယ်။ #ဘီဘီစီမြန်မာပိုင်း အပြည့်အစုံသို့ …… http://bbc.in/29ZV9xv
Source : http://bbc.in/29ZV9xv
via IFTTT
No comments:
Post a Comment