Android စမတ်ဖုန်းမှ laptop အဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် ၉၉ ဒေါ်လာတန် Superbook ============ သုံးစွဲသူများအနေဖြင့် Android ဖုန်းနှင့် app ထောက်ပံ့မှုဖြင့် laptop အဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် Superbook အမည်ရ laptop shell တစ်ခုကို မိတ်ဆက်ခဲ့သည်။ မျက်နှာပြင်အရွယ် ၁၁.၆ လက်မရှိ laptop shell ကို Andromium OS ဖန်တီးသည့် အဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ Andromium OS သည် desktop ကဲ့သို့ operating system အသုံးပြုနိုင်ရန် Android စမတ်ဖုန်းအား ထောက်ပံ့ပေးမည် ဖြစ်သည်။ Superbook နှင့် စမတ်ဖုန်းအား ချိတ်ဆက်အသုံးပြုမည်ဆိုပါက Android 5.0 နှင့် အထက်တွင် အသုံးပြုနိုင်သော Andromium app ကို download ပြုလုပ်ရမည်ဖြစ်သည်။ ထို့နောက် စမတ်ဖုန်းကို micro-USB သို့မဟုတ် USB-C cord အသုံးပြု၍ Superbook laptop shell နှင့် ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ Superbook တွင် multitasking ထောက်ပံ့မှုပါဝင်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ ထုတ်ကုန်တွင် multi-touch trackpad နှင့် Macbook Pro နှင့် ဆင်တူသော keyboard တို့ ပါဝင်လာသည်။ Superbook ၏ ဘက်ထရီသက်တမ်းမှာ ၈ နာရီ အသုံးပြုနိုင်သလို စမတ်ဖုန်းကိုလည်း အားသွင်းပေးနိုင်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။ Andormium တွင် Chrome, Gmail နှင့် Microsoft Office ကဲ့သို့ Android app သန်းပေါင်းများစွာကို အသုံးပြုနိုင်သည်။ သို့ရာတွင် ၎င်း OS သည် desktop ကဲ့သို့ စွမ်းဆောင်ရည်ရှိ၊ မရှိကိုမူ သေချာစွာ မသိရှိရသေးပေ။ Superbook ကို မကြာမီ Kickstarter တွင် ကန်ဒေါ်လာ ၉၉ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။ Ref: TheVerge
Source : http://ift.tt/2a5bbSz
via IFTTT
No comments:
Post a Comment