Sunday, July 17, 2016

Kumudra

တူရကီ အာဏာသိမ်းမှုကို အချိန်နဲ့တပြေးညီ ဖော်ပြနိုင်ခဲ့တဲ့ လူမှုမီဒီယာ စွမ်းပကား ================ လူမှုမီဒီယာတွေဟာ သောကြာနေ့တူရကီစစ်အာဏာသိမ်းမှု နဲပတ်သက်ပြီး အစိုးရတွေနဲ့ပြည်သူတွေကို နိုင်ငံအရေးပေါ်အခြေအနေတွေနဲ့ရင်ဆိုင်လာ ရအောင် ပံ့ပိုးတဲ့နေရာမှာ အဓိကလှုပ်ရှားနေပါတယ်။ တူရကီဟာ မတည်မငြိမ်မှုဖြစ်လာတဲ့အချိန်ကာလအတွင်း အင်တာနက်လိုင်းတွေ နှေးကွေးအောင် လုပ်ထားတတ်တဲ့ ရာဇဝင်ရှိပါတယ်။ ဒါ့ကြောင့်ပဲ လူထုက သူတို့ကြားခဲ့၊မြင်ခဲ့တာတွေအကြောင်းကို သောကြာနေ့က လူမှုမီဒီယာတွေမှာ တင်ပြီးမျှဝေခဲ့ပါတယ်။ သူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သမျှ ဖြစ်ရပ်တွေကိုဖော်ပြခဲ့ကြပြီးထိတ်လန့် နေခဲ့ကြပါတယ်။ သည်ထကြွမှုဟာ အောင်မြင်မှာမဟုတ်သလို ပြည်သူတွေအနေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ လမ်းပေါ်ထွက်ကြဖို့ တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က FaceTime ကို အသုံးပြုပြီး ရုပ်သံဌာနတစ်ခုဆီကို ပြောကြားခဲ့ပါတယ်။ နိုင်ငံပိုင်ရုပ်သံဌာနကို စစ်အာဏာသိမ်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာကြောင့် သူ့အနေနဲ့ နိုင်ငံပိုင်ရုပ်သံကိုအသုံးပြု လို့မရနိုင်ပါဘူး။ တူရကီ စစ်တပ်အဖွဲ့က အာဏာသိမ်းလိုက်ကြောင်းကြေညာပြီးနောက် အွန်လိုင်းအသုံးပြုသူတွေ ဟာ လူမှုမီဒီယာ ဝက်ဘ်ဆိုက် Reddit ကိုအသုံးပြုလာကြပြီး အချင်းချင်း အရေးတကြီးအသိပေးခဲ့ကြပါတယ်။ ပို့စ်တွေကလည်း ရှုပ်ထွေးနေပါတယ်။ ည ၇ နာရီမတိုင်မီလောက်ကပဲ ‘ Halk TV ၊ Ulusal Kanal လိုမျိုးအမျိုးသားရုပ်သံဌာနတွေ ပိတ်သွားပြီ။ အခုနေ သူတို့ရုပ်သံထုတ်လွှင့်ပေးမှာမဟုတ်တော့ဘူး’ လို့ The Roots Crew လို့ခေါ်တဲ့ အသုံးပြုသူတစ်ဦးက ပို့စ်တင်ခဲ့ပါတယ်။ သူကပဲ ‘ တူရကီစစ်တပ်ရဲ့ဝက်ဘ်ဆိုက်မှာ အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ တွေ့ရမှာမဟုတ်ဘူး’ လို့ ည ၇နာရီ ၂၀ မိနစ်မှာ ထပ်တင်ခဲ့ပါတယ်။ တွစ်တာတောင်မှ သည်လိုဖြစ်သွားခဲ့ပုံရပါတယ်။ “ကျွန်တော်တို့ တူရကီမှာ လုံးလုံးပိတ်ဆို့ခံထားရပြီလို့ တွေးစရာအကြောင်းမရှိပေမယ့် နိုင်ငံအတွင်းမှာ ကျွန်တော်တို့လိုင်းကို နှေးသွားအောင် ရည်ရွယ်ချက်နဲ့လုပ်နေတာရှိတယ်လို့ သံသယရှိနေတယ်” လို့ တွစ်တာရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အများပြည်သူမူဝါဒအဖွဲ့က ပြောခဲ့ပါတယ်။ အဲသည့်နောက်ပိုင်းကစပြီး သတင်းအကြောင်းအရာတွေ၊ အရင်းအမြစ်တွေကို မျှဝေတာတွေ စတင်လာပါတယ်။ အသုံးပြုသူအများစုက သူတို့တီဗီမှာမြင်နေရတဲ့အဖြစ်အပျက်အချက်အလက်တွေကို ကိုယ့်ဘာသာဗီဒီယိုပြန်ရိုက် တင်ပေးခဲ့ကြပြီး နည်းပညာကုမ္ပဏီတစ်ခုကလည်း ပုံမှန်နည်းလမ်းအားဖြင့် သတင်းအချက်အလက်တွေမသိရနိုင်တဲ့ တူရကီပြည်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့ကြိုးစားလာပါတယ်။ VPN ကွန်ရက်တစ်ခုဖြစ်တဲ့ TunnelBear က Reddit အသုံးပြုသူတွေကို iOS၊ Android၊ OS X ၊ PC နဲ့ Chrome တို့ကနေ သီးသန့်ရှာဖွေကြည့်ရှုနိုင်အောင် ဝန်ဆောင်မှုပေး ထားပါတယ်။ “တူရကီမှာရှိကြတဲ့ မိတ်ဆွေတို့ခင်ဗျာ။ အခုချိန်မှာ #TunnelBear#coup#TurkeyCoup http://ift.tt/1j8Y6oy နဲ့ ချိတ်ဆက်ပြီး အကန့်အသတ်မရှိတဲ့ သတင်းအချက် အလက်တွေကို ရရှိနိုင်ပါပြီ” လို့ ဖော်ပြထားပါတယ်။ အစိုးရအေဂျင်စီတွေဟာ ၂၀၁၁ ခုနှစ်က ဆန်ဒီရေးဂို စွမ်းအင်ပြတ်လပ်မှုနဲ့ ၂၀၁၂ ခုနှစ် အရှေ့ဘက်ကမ်းရိုးတန်းက ဆန်ဒီဟယ်ရီကိန်းမုန်တိုင်း တို့လို သဘာဝဘေးတွေ တုန်းက လူထုကို ဆက်တိုက် အသိပေးနိုင်ဖို့ လူမှုမီဒီယာဆိုက်တွေကို အသုံးပြုခဲ့ဖူးပါတယ်။ YSD Ref: USA Today, July- 15, 2016
Source : http://goo.gl/lSI1mx
via IFTTT

No comments:

Post a Comment