Thursday, July 14, 2016

ရန်ပုံငွေ အခက်အခဲကြောင့် ဟောင်းနွမ်း ဓာတ်ကြိုးများ လဲလှယ် တပ်ဆင်နိုင်ခြင်း မရှိသေး - Yan

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်ကြိုးများ ဟောင်းနွမ်းနေခြင်းနှင့် ရှုပ်ထွေးမှုများ ဖြစ်နေခြင်းနှင့် ပတ်သက်၍ဖြေရှင်းနိုင်ရန် ငွေကြေးအခက်အခဲကြောင့် သတ်မှတ်နေရာအားလုံးတွင် လုပ်ဆောင်နိုင်သေးခြင်း မရှိကြောင်း ရန်ကုန်လျှပ်စစ်ကော်ပိုရေးရှင်းမှ သိရသည်။ ''အခက်အခဲကတော့ ရန်ပုံငွေအခက် အခဲရှိတာပါ။ အများပြည်သူတွေအနေနဲ့ ပစ္စည်းစိုက်ထုတ်ပြီး ဝယ်ပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်က နည်းပညာ ပိုင်းရော လုပ်အားပိုင်း ပါကူညီပေးမှာပါ''ဟု ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းမှ အထွေထွေမန် နေဂျာ ဦးသန့်ဇင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၏ ရက် ၁ဝဝစီမံချက်အတွင်း ဟောင်းနွမ်းနေသည့်ဓာတ်တိုင်များနှင့် ဓာတ်ကြိုးများပြုပြင်ခြင်းနှင့် ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသော်လည်း ငွေကြေး အခက်အခဲကြောင့် သတ်မှတ်နေရာအားလုံးတွင် လုပ်ဆောင်နိုင်ခြင်းမရှိသေး ကြောင်းသိရသည်။ ''ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဓာတ်ကြိုး တွေပြင်တာ ဓာတ်တိုင်တွေလဲတာတော့လုပ် နေပါတယ်။ နေရာအားလုံးတော့ မပြီးသေးဘူး''ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူ ကိုဝေလင်းက ပြောသည်။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ရှုပ်ထွေးနေသည့်ဓာတ်ကြိုးများ ရှင်းလင်းရမည့်နေရာစုစုပေါင်း ၃၇၉ နေရာရှိသည့် အနက် နေရာ ၄ဝ သာရှင်းလင်း ပြီးစီးသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန၏ ဇူလိုင် ၇ ရက် ရက်စွဲထုတ်ပြန်ချက် မှ သိရသည်။ ထုတ်ပြန်ချက်တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှုပ်ထွေးဓာတ်ကြိုး (ျနမလငခန ကြိုး)များအား တစ်ခရိုင်လျှင်တစ်မြို့နယ် စံပြနမူနာဖြင့် ရှင်းလင်းလျက်ရှိကာ အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ်တွင် ဆားဗစ်ကြိုးရှင်း လင်းရမည့်နေရာ ၁၃၅ နေရာရှိသည့်အနက် သုံးနေရာ၊ အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ၅၆ နေရာအနက်မှ ၁၅ နေရာ၊ တောင်ပိုင်းခရိုင် ဒလမြို့နယ်တွင် ၃၄ နေရာ အနက် ၁၄ နေရာနှင့် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်တွင် ၁၅၄ လမ်းအနက်မှ ၈ လမ်းတို့ ကိုရှင်းလင်းဆောင်ရွက်မှု ပြီးစီးခဲ့ကြောင်း ဖော် ပြထားသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဓာတ် ကြိုးများ ဟောင်းနွမ်း ဆွေးမြည့်နေခြင်းနှင့် ရှုပ်ထွေးနေခြင်းများကြောင့် ဝိုင်ယာရှော့ခ်များ မကြာခဏဖြစ်ပေါ်တတ်ပြီး ယခုနှစ် မိုးစတင်ရွာချိန်တွင် ဓာတ်လိုက်သေဆုံးမှုတချို့ရှိသဖြင့် နေအိမ်များသို့ သွယ်တန်းထားသော ဆားဗစ်ကြိုးများ ဟောင်းနွမ်းဆွေးမြည့်နေခြင်းနှင့် ရှုပ်ထွေးနေခြင်းကို ဆောင်ရွက်ပေး မည် ဖြစ်သည်။ အောင်ဖြိုးဦး #theyangontimes
Source : http://goo.gl/2LV0KM
via IFTTT

No comments:

Post a Comment