အလှူခံအဖွဲ့များ အသံ ချဲ့စက် အသံတိုးရန် အပါအဝင် သဘာဝဘေးအကြောင်းပြ၍ မဟုတ်မမှန် အလှူခံနေသော အဖွဲ့အစည်းများကို အရေးယူနိုင် ရေး အချက် ၁၂ ချက်ပါ စည်းကမ်း ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်သည်။ နိုဝင်ဘာ ၄ ရက်ကစကာ ရန်ကုန်မြို့ရှိ လူစည်ကားရာနေ ရာအချို့တွင် အဆိုပါသတိပေး ချက်ကို ဗီနိုင်းများဖြင့် ချိတ်ဆွဲသတိပေးခဲ့ပြီး အလှူခံအဖွဲ့များ အား စိစစ်မည်ဖြစ်ကြောင်း သက် ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး များက ပြောသည်။ ‘‘အဓိကက သဘာဝဘေး အကြောင်းပြပြီး အလှူခံနေကြ တာတွေရှိတယ်။ တချို့အဖွဲ့တွေ က တကယ်လုပ်ကြတာပါ။ တချို့တွေက ရောင်တော်ပြန်လုပ်ကြ တာ။ ဒါတွေကို ထိန်းချုပ်နိုင် အောင် ရည်ရွယ်ပါတယ်။ ရန် ကုန်တိုင်းဒေသကြီး တစ်ခုလုံး ကြေညာတာနေမယ်။ ကျွန်တော် တို့အနောက်ပိုင်းခရိုင်တစ်ခုလုံး ကတော့ သတိပေးချက်ထုတ် တယ်’’ဟု ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းက ပြောကြားသည်။ ထုတ်ပြန်ထားသော အချက် ၁၂ ချက်မှာ အလှူခံလျှောက် ထားသော အဖွဲ့သည် အသင်း အဖွဲ့မှတ်ပုံတင် ရှိရမည်ဖြစ်ပြီး မရှိပါက သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက် ခံချက်ပါရှိရန်၊ အလှူခံရရှိသည့် ငွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ၌၂၄ နာရီအတွင်း တင်ပြရန်နှင့် သဘာဝဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းပြီးပါက လည်း ယင်းဒေသမှ တာဝန်ရှိသူ များ၏ ထောက်ခံချက် ပြန်လည် တင်ပြရန်၊ အသံချဲ့စက်နှင့် ဆောင်းဘောက်စ်အသံကို သင့် တင့်ရုံသာ ဖွင့်ရန်၊ အလှူခံခြင်း ကို နေထွက်ချိန်မှ နေဝင်ချိန်အထိ သာ ဆောင်ရွက်ရန် စသည်တို့ ဖြစ်သည်။ ထို့အပြင် အလှူခံမည့် နေရာတွင် ပိုင်ရှင်၏ ခွင့်ပြုချက် ရယူတင်ပြရန်၊ ယာဥ်ကြောရှုပ် ထွေးသော လမ်းဆုံလမ်းခွများ တွင် အလှူခံခြင်းမပြုရန်၊ ကြော် ငြာဆိုင်းဘုတ်များ၊ လက်ကမ်းစာ စောင်များတွင် တေးဂီတဖျော်ဖြေ မှုများ ပါဝင်ပါက သက်ဆိုင်ရာ အဖွဲ့အစည်း စိစစ်ခွင့်ပြုချက် ရယူရန် လူမျိုးရေး၊ ဘာသာရေး ထိခိုက်စေသော အသုံးအနှုန်း၊ လှုပ်ရှားမှုများ ပါဝင်ခြင်းမရှိစေ ရန်ဟူသည့် အချက်များ ပါဝင်သည်။ ထပ်မံ၍ အလှူခံမည့်သူ များ အနေဖြင့် ဒေသအလိုက် ထုတ်ပြန်ထားသော အမိန့်ညွှန် ကြားချက်များကို လိုက်နာဆောင် ရွက်ရန်နှင့် ပြည်သူလူထု စိတ် အနှောင့်အယှက်ဖြစ်စေမည့် အခြေအနေမျိုး မဖြစ်စေရန် ခွင့် ပြုချက်မရရှိဘဲ အလှူငွေကောက် ခံခြင်း လုံးဝမပြုလုပ်ရန်တို့လည်း ပါဝင်သည်။ အထက်ပါ သတိပေးချက် များကို မလိုက်နာပါက သက်ဆိုင် ရာ တည်ဆဲဥပဒေအပြင် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၁၈၈ မှာ ထောင် ဒဏ် ခြောက်လအထိ ကျခံရနိုင် သည်။ ယင်းသတိပေးချက်မှာ အောက်တိုဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခြင်း ဖြစ်သော်လည်း နိုဝင်ဘာ ၄ ရက်မှသာ လူစည် ကားရာ နေရာအချို့တွင် ဗီနိုင်း ချိတ်ဆွဲ၍ ကျယ်ကျယ်ပြန့်ပြန့် သတိပေးခြင်းဖြစ်သည်။ ယင်းကြေညာချက် ထုတ် ပြန်ပြီးဖြစ်၍ စည်းကမ်းမလိုက်နာ သောအဖွဲ့အစည်းများကို အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ် ဖွဲ့နှင့် စည်ပင်ဝန်ထမ်းများက စိစစ်အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းခွများ တွင် သဘာဝဘေးအပြင် ဘာသာ ရေးအကြောင်းများဖြင့် အလှူခံ အဖွဲ့များ နေ့စဥ်လို အလှူခံနေ ကြပြီး ပွင့်လင်းမြင်သာမှုမရှိသော အဖွဲ့အစည်းများအပေါ် ပြည်သူလူထုက ဝေဖန်ရှုတ်ချမှုများ ရှိနေ သည်။ သဘာဝဘေး အပါအဝင် အကြောင်းအမျိုးမျိုးပြကာ မဟုတ်မမှန် အလှူခံနေသော အဖွဲ့ အစည်းအချို့ရှိနေပြီး ယခု ကြေညာချက်အပေါ် ကြိုဆိုကြောင်း အသင်းအဖွဲ့မှတ်ပုံတင်ထားကာ လူမှုကူညီရေး လုပ်ဆောင်နေ သော သုတပညာ ပရဟိတအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
Source : http://ift.tt/2enqS8f
via IFTTT
No comments:
Post a Comment