Friday, November 11, 2016

7Day News Journal

အလဲဗင်းမီဒီယာ၏ ရေး သားဖော်ပြချက်များအပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဖြေရှင်းပေးရန် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့က အကြောင်း ကြားထားသော်လည်း အလဲဗင်းမီဒီယာဂရု(ပ်)အပေါ် ဖွင့်ထားသော အမှုရုပ်သိမ်းမှသာ ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း မီဒီယာကောင်စီက ယမန်နေ့က သတင်းထုတ်ပြန်သည်။ ကောင်စီကို နိုဝင်ဘာ ၈ ရက်တွင် တိုင်ကြားထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလဲဗင်းမီဒီယာဂရု(ပ်) စီအီးအိုနှင့် အလဲဗင်းမီဒီယာဂရု(ပ်)ကို ဆက်သွယ်ရေး ပုဒ်မဖြင့် နိုဝင်ဘာ ၉ ရက်တွင် အမှုဖွင့်ထားသည်။ သို့ဖြစ်၍ သတင်းမီဒီယာ နည်းဥပဒေပုဒ်မ ၃၇ အရ ကောင်စီက ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်ခြင်းဖြစ်သည်။ ယင်းပုဒ်မတွင် ကောင်စီသို့ တိုင်ကြားပြီးနောက်တွင် ပြစ်မှု ကြောင်းအရ ဖြစ်စေ၊ တရားမ ကြောင်းအရဖြစ်စေ တရားရုံးသို့ တရားစွဲဆိုလျှင် ကောင်စီသို့ တိုင် ကြားထားသော တိုင်ကြားလွှာကို ပြန်လည် ရုပ်သိမ်းရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အလဲဗင်းမီဒီယာ ၏ ရေးသားဖော်ပြချက်များအ ပေါ် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ဖြေရှင်းပေးရေးအ တွက် အလဲဗင်းမီဒီယာဂရု (ပ်)အပေါ် ဖွင့်ထားသော အမှုရုပ်သိမ်း မှ သာ ဆက်လက်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း မီဒီယာကောင်စီ က သတင်းထုတ်ပြန်သည်။
Source : http://ift.tt/2fGTwUL
via IFTTT

No comments:

Post a Comment