Friday, November 11, 2016

7Day News Journal

နေအိမ်ပြောင်းရွှေ့ရာ တွင် ပစ္စည်းများ ကူသိမ်းပေးရန် ခေါ်လာသည့် အသက် (၁၂)နှစ် အရွယ် မိန်းကလေးကို အဓမ္မပြု ကျင့်သူ အသက် (၅၇)နှစ်အရွယ် အမျိုးသားတစ်ဦးအား နိုဝင်ဘာ ၈ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။ တနင်္သာရီတိုင်း ကျွန်းစုမြို့ နယ်ရှိ မိုင်းသွေးကျေးရွာနေ အ သက် (၅၇)နှစ်အရွယ် အောင် သော်ဆိုသူသည် နေအိမ်ပြောင်း မည်ဖြစ်၍ ပစ္စည်းကူသိမ်းပေးရန် အသက်(၁၂)နှစ်အရွယ် မိိန်း ကလေးကို နိုဝင်ဘာ ၄ ရက်တွင် ခေါ်ဆောင်လာပြီးနောက် အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးကဆို သည်။ ထိုသို့ ပစ္စည်းကူသိမ်းရန် ခေါ်ဆောင်ခဲ့ပြီး မိန်းကလေး၏ နေအိမ်သို့ ပြန်ပို့ပေးစဥ် မိန်း ကလေး၏ နေအိမ်၌ လူကြီးများမရှိချိန်တွင် အသက် (၅၇)နှစ်အ ရွယ် အောင်သော်က အဓမ္မပြု ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းဖြစ်ရပ်ကြောင့် အ သက် (၁၂)နှစ်အရွယ် မိန်းက လေးကို အဓမ္မပြုကျင့်ခဲ့သူအား အရေးယူပေးရန် အဆိုပါ မိန်းကလေး၏ မိခင်က နိုဝင်ဘာ ၇ ရက်တွင် လာရောက်တိုင်တန်းခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် တရားခံကို ဖမ်းမိခ့ဲကြောင်း ကံမော်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆို သည်။ မိန်းကလေးငယ်ကို အဓမ္မ ပြုကျင့်ခဲ့သည့် အောင်သော်က ၎င်းကိုယ်တိုင် ပြစ်မှုကျူးလွန်ခဲ့ ကြောင်း ဝန်ခံပြီး လွန်ခဲ့သည့် ၁၅ ရက်ခန့်ကလည်း တစ်ကြိမ်ကျူး လွန်ဖူးသည်ကို ရဲစခန်းတွင် ဝန်ခံခဲ့ကြောင်း ၎င်းကဆိုသည်။ အိမ်ရှင်းရန် ခေါ်ခိုင်းသည့် မိန်းကလေးငယ်ကို နေအိမ်ပြန် အပို့တွင် အဓမ္မပြုကျင့်ခဲ့သည့် အောင်သော်အား ကံမော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၅၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Source : http://ift.tt/2fC5zlF
via IFTTT

No comments:

Post a Comment