ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးမှုန့် များ၏ ထက်ဝက်ကျော်တွင် မှိုအ ဆိပ် (အယ်ဖာတောက်ဆင်)နှင့် ဆိုးဆေးပါဝင်မှုများ တွေ့ရ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ထောက်ခံချက်မယူထားသည့် အမှတ်တံဆိပ်များ ကို စားသုံးရန်မသင့်ကြောင်း ကြေညာမည်ဖြစ်ပြီး ထောက်ခံ ချက်ရယူထားသည့် လုပ်ငန်းရှင်များသည်လည်း တစ်ပတ်အတွင်း မိမိကုန်ပစ္စည်းများကို ပြန်လည်သိမ်းယူဖျက်ဆီးရန် ညွှန်ကြား လိုက်သည်။ ‘‘ဈေးကွက် အတွင်းမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေ ကို နမူနာကောက်ယူပြီး ဓာတ်ခွဲ စစ်ဆေးမှုတွေလုပ်တယ်။ နောက် ဆုံးပေါ် နည်းပညာတွေနဲ့ စစ် ဆေးတဲ့အခါ လူတွေကို ထိခိုက် စေမယ့် မှိုအဆိပ်တွေ၊ ဆိုးဆေး တွေ တွေ့ရတယ်။ နေ့စဥ် လူဦး ရေ ၂၅ သန်းလောက်က ဒီအဆိပ်တွေကို စားနေရတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဈေး ကွက်အတွင်းမှာ ရောင်းချနေတဲ့ ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို တစ် ပတ်အတွင်း Market Recall (ဈေးကွက်ပြန်သိမ်းတာ)လုပ်ရ မယ်။ ဖျက်ဆီးရမယ်။ အကယ် ၍ တစ်ပတ်ကျော်လို့ ဈေးကွက် ထဲကို ပြန်ပြီးထောက်လှမ်းလို့ ပြန်တွေ့ရင် သုံးစွဲရန်မသင့် ကြေညာပြီး ပိတ်သိမ်းမယ်။ တာ ဝန်ရှိသူအဆင့်ဆင့်ကို ဥပဒေ အတိုင်း တရားစွဲဆိုအရေးယူ မယ်’’ဟု နေပြည်တော် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် စက်တင်ဘာ၌ ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ် သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်နှင့် အရောင်တင်မှုန့်)များထဲမှ နမူနာ ၆၅၁ မျိုးကိုFDA က စစ်ဆေးကောက်ယူခဲ့ သည်။ ထို့အပြင် ငရုတ်သီးမှုန့် အ မှတ်တံဆိပ် နာမည်တပ်၍ ရောင်းချနေသည့် ကုန်ပစ္စည်း ၇၅ မျိုး၌၁၅ မျိုးသာ FDA ထောက်ခံချက် ရယူထားသဖြင့် ကျန်သည့် အမှတ်တံဆိပ် ၆ဝ မှာ ထောက်ခံ ချက်ရယူထားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။ ‘‘FDA အနေနဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ အဓိကလုပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီအချိန်မှာ အကျိုးအမြတ်မတွက်ဘဲ ဈေးကွက်ထဲမှာရှိတဲ့ ကုန်ပစ္စည်း တွေကို Market Recall လုပ်ပါ။ပြီးရင် ဘယ်လိုလုပ်ဆောင်ထား တယ်ဆိုတာ အထောက်အထား နဲ့တကွ တင်ပြပေးပါ။ ကိုယ့်လုပ်ငန်းအတွက် တာဝန်ယူ၊ တာဝန်ခံပါ။ ပါးစပ်နဲ့ တာဝန်ယူတာမဟုတ်ဘဲ လက်တွေ့လုပ်ရမှာ ဖြစ်တယ်’’ ဟု ဒေါက်တာသန်းထွဋ်က ဆို သည်။ စျေးကွက်အတွင်းမှ ငရုတ် သီးမှုန့်များကို ပြန်လည်သိမ်းယူ ဖျက်ဆီးရာတွင် ပြန်လည်သိမ်းယူ ထားမှုများကို နီးစပ်ရာမြို့နယ် အက်ဖ်ဒီအေဌာနသို့ အကြောင်း ကြားရမည်ဖြစ်ပြီး ဖျက်ဆီးမှုအ ခြေအနေများကို ဓာတ်ပုံဗီဒီယိုဖိုင် အထောက်အထားများဖြင့် တင်ပြ ရမည်ဖြစ်သည်။ တစ်ပတ်အတွင်း သိမ်းယူ ဖျက်ဆီးမှုအခြေအနေများကို လေ့လာစောင့်ကြည့်မည်ဖြစ်ပြီး တစ် ပတ်ကျော်လွန်၍ စျေးကွက်အ တွင်း ထောက်လှမ်းကြည့်ရှုသည့် အခါ ဖျက်ဆီးရမည့် ကုန်ပစ္စည်း များ ထပ်မံတွေ့ရှိပါက စားသုံးရန်မသင့်သည့် အမှတ်တံဆိပ်အဖြစ် ကြေညာမည်ဖြစ်ကာ သက်ဆိုင် ရာတာဝန်ရှိသူ အဆင့်အလိုက် တရားစွဲဆို အရေးယူမည်ဖြစ် ကြောင်း ဒေါက်တာသန်းထွဋ်က သတိပေးပြောကြားသည်။ အက််ဖ်ဒီအေထောက်ခံချက် ယူထားသော ငရုတ်သီးမှုန့်အမှတ် တံဆိပ်များမှာ ရန်ကုန်တိုင်းမှ ကိုး ခု၊ မန္တလေးတိုင်းမှ တစ်ခု၊ ဧရာ ဝတီတိုင်းမှ တစ်ခုနှင့်မွန်ပြည်နယ် မှ သုံးခုတို့ပါဝင်သည်။ နိုင်ငံတကာအဆင့်မီ ဓာတ် ခွဲစစ်ဆေးမှုများ လုပ်ကိုင်ထား၍ စစ်ဆေးမှုရလဒ်အဖြေများကို အမှတ်တံဆိပ် ထောက်ခံချက်ယူ ထားသည့် လုပ်ငန်းရှင်တစ်ဦးချင်း စီသို့ တစ်ပတ်အတွင်း ပေးပို့မည် ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့၏စက်ရုံများရှိ ကုန်ပစ္စည်းများ (Factory Product)နှင့် သို လှောင်ထားသည့် ပစ္စည်းများကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် အမှတ်တံဆိပ်မရှိ ဘဲ ရောင်းချနေသည့် ငရုတ်သီး မှုန့်များ တွေ့ရှိပါက မြို့နယ်တိုင်း တွင်ရှိသည့် စားသုံးသူရေးရာဦးစီး ဌာနသို့ သတင်းပေးပို့တိုင်ကြား နိုင်သည်။ စားသုံးသူအသိပညာ ပေးခြင်းနှင့် လုပ်ငန်းရှင်များအ တွက် နည်းပညာပိုင်းဆိုင်ရာ သင်တန်းပို့ချခြင်းများလည်း လုပ် ဆောင်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်)၌ ပြုလုပ်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သတင်း ရရှိသည်။ ‘‘ကိုယ်ထုတ်လုပ်တဲ့ ကုန် ပစ္စည်းကို တစ်နိုင်တစ်ပိုင်လုပ်နေ တုန်းက အကောင်းဆုံးဖြစ်ပြီထင် ပေမယ့် FDA ထောက်ခံချက်ရယူ တဲ့အခါမှာ လိုအပ်ချက်တွေရှိမှန်း သိလာတယ်။ တချို့တွေ အရောင်လှအောင် ဆေးဆိုးတယ်။ ရော တာတွေရှိတယ်ပေါ့။ အခုလို လုပ်လိုက်တဲ့အခါမှာ အမှတ်တံဆိပ် မရှိဘဲ ရောင်းချနေတာလည်း တားဆီးနိုင်မယ်။ ကောင်းပါတယ်’’ဟု FDA ထောက်ခံချက်ယူပြီး ငရုတ်သီးမှုန့်ထုတ်လုပ်နေသည့် လုပ် ငန်းရှင်တစ်ဦးက ဆိုသည်။ ‘‘အသည်းကင်ဆာဖြစ်စေ တဲ့ အာဖာတောက်ဆင်ဘီဝမ်းက ငရုတ်သီးတို့၊ ပြောင်းဖူး၊ မြေပဲတို့ မှာ ရှိတယ်။ အဓိက က ငရုတ်သီးအပုနဲ့ အရှည်ခြောက်တွေမှာ အဲဒီမှိုအဆိပ်ကိုတွေ့ရတယ်။ ငရုတ်သီးတွေကို ရေဖျန်းတဲ့အခါ မှိုက ပိုပြီး ပွားလာတယ်။ အာဖာတောက် ဆင်ဘီဝမ်းပါတဲ့ အစားအစာတွေ စားသုံးပါများလာတဲ့အခါ အ သည်းကင်ဆာဖြစ်ဖို့ များလာတာ ပေါ့။ ချက်ချင်းတော့မဖြစ်ဘူး။ အသည်းကင်ဆာဖြစ်ဖို့က ခြောက်လကနေ အနှစ် ၂ဝ လောက်ကြာ မှဖြစ်တာ။ ဆိုးဆေးကြောင့် ထိ ခိုက်တာလည်း အသည်းပဲ။ အစား အသောက်မှာ မသုံးရတဲ့ဆိုးဆေး တွေသုံးတဲ့အခါ အသည်းကင်ဆာ တို့၊ ဆီးအိမ်ကင်ဆာနဲ့ အစာအိမ် ကင်ဆာတွေ ဖြစ်နိုင်တယ်’’ဟု လုပ်ငန်းခွင်ကျန်းမာရေးဌာန အ ငြိမ်းစားညွှန်ကြားရေးမှူး ဒေါက် တာသန်းထွဋ်က ဆိုသည်။ ခန္ဓာကိုယ်၏ဇီဝဖြစ်စဥ်အား လုံးကို အသည်းမှ ထိန်းချုပ်လုပ် ဆောင်လျက်ရှိပြီး အသည်းထိ ခိုက်လာပါက တခြားကျန်းမာရေး ချို့ယွင်းမှုများ ဖြစ်ပေါ်လာနိုင် ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာကျော်စွာဦး က ပြောသည်။ ‘‘အာဖာတောက်ဆင် အ ဆိပ်ကြောင့် နာတာရှည်အသည်း ရောင်လာပြီး အသည်းမာတာ၊ ကြွပ်တာတွေ ဖြစ်လာတယ်။ နောက်ဆုံး ကင်ဆာဖြစ်လာမယ်။ အသည်းက ခန္ဓာကိုယ်ရဲ့အဆိပ် အတောက်တွေကို ချေဖျက်ပေး တာကြောင့် အသည်းလုပ်ငန်း ဆောင်တာကျလာရင် ဟော်မုန်း အခြေအနေ ကျောက်ကပ်နဲ့အစာ ချေမှုစနစ် စသဖြင့် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို ထိခိုက်ပြောင်းလဲလာနိုင်တယ်’’ ဟု ၎င်းက ဆိုသည်။
Source : http://ift.tt/2fMV3dK
via IFTTT
No comments:
Post a Comment