Saturday, November 12, 2016

The Voice

အာဖဂန်နစ္စတန်ရှိ အကြီးဆုံး အမေရိက လေတပ်စခန်းတွင် ဗုံးကွဲ၊ အနည်းဆုံး ၄ ဦး သေဆုံး ကဘူးလ်၊ နိုဝင်ဘာ ၁၂ အာဖဂန်နစ္စတန်ရှိ အကြီးဆုံး အမေရိက လေတပ်စစ်စခန်း ဘာဂရမ်တွင် ဗုံးပေါက်ကွဲပြီး အနည်းဆုံး ၄ ဦး သေဆုံးခဲ့ကြောင်း သတင်းဌာနတွင် ဖော်ပြထားသည်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းပေါက်ကွဲမှုမှာ ၎င်းတို့၏ အသေခံ ဗုံးခွဲသမားတစ်ဦး၏ တိုက်ခိုက်မှု ဖြစ်ကြောင်း တာလီဘန်တို့က ကြေညာခဲ့သည်။ ယခုတိုက်ခိုက်မှုမှာ အာဖရနစ္စတန်တွင် လုံခြုံရေး အဆင့်အမြင့်ဆုံး နေရာတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် ကြီးမားသည့် လုံခြံုရေး ကျိုးပေါက်မှုတစ်ရပ်အဖြစ် ရှုမြင်ရမည် ဖြစ်သည်။ ဗုံးမှာ စစ်စခန်းအတွင်းပိုင်းတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းထွက်လျက်ရှိပြီး ထိုအတိုင်းသာ မှန်ပါက ပထမဆုံးအကြိမ် စခန်းအတွင်းပိုင်းထိ လုံခြုံရေး ကျိုးပေါက်ခြင်းအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။ ဘာဂရမ်စစ်စခန်းကို ယခင်တုန်းကလည်း တိုက်ခိုက်ခဲ့မှုများ ရှိခဲ့ဖူးသော်လည်း သူပုန်များမှာ စစ်စခန်းအပြင်ဘက် နံရံကိုပင် ကျော်လွန်နိုင်ခဲ့ဖူးခြင်း မရှိချေ။ ဘာဂရမ်သည် မြို့တော် ကဘူးလ်၏ မြောက်ဘက်တွင် တည်ရှိပြီး ပြီးခဲ့သည့် ၁၄ နှစ်တာ ကာလအတွင်း အမေရိကန် ဦးဆောင်သည့် NATO တပ်များ၏ အဓိက လေတပ်စခန်းအဖြစ် အသုံးပြုလာသည့် စစ်စခန်းလည်း ဖြစ်သည်။
Source : https://goo.gl/eZaccT
via IFTTT

No comments:

Post a Comment