Consignment (အပ်ကုန်) စနစ်ဖြင့် တင်သွင်းသော ၂၀၀၆ မော်ဒယ်အောက် မော် တော်ယာဉ်များကို ယခုနှစ်အ တွင်း ယာဉ်မှတ်ပုံတင်မပြုလုပ်နိုင် ပါက အရေးယူမည့် ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန် တောင်းဆိုမှုများရှိသော်လည်း ဖြေလျှော့ပေး မည်မဟုတ်ကြောင်း မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ ကြီးကြပ် မှုကော်မတီထံမှ သတင်းရရှိ သည်။ အဆိုပါမော်တော်ယာဉ်များ အနေဖြင့် ၂၀၁၆ အတွင်း အပြီးသတ် ယာဉ်မှတ်ပုံတင်ပြုလုပ်ရ မည်ဖြစ်ကာ မပြုလုပ်နိုင်ပါကဝယ်ယူသည့် မူလနိုင်ငံသို့ ပြန်ပို့ရမည် ဟူသော အရေးယူမည့် ပြစ်ဒဏ်ကို ဖြေလျှော့ပေးမည် မဟုတ်ဟု အဆိုပါကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးက 7Day Daily အား ပြောသည်။ လက်ရှိ ပြည်တွင်း၌ ၂၀၁၆ နှစ်မကုန်မီ မဖြစ်မနေ ယာဉ်မှတ် ပုံတင်ဝင်ရမည့် ၂၀၀၆ မော်ဒယ်အောက် မော်တော်ယာဉ်ပေါင်း တစ်သောင်းကျော်ရှိနေပြီး ယာဉ်ပိုင်ရှင်များမှာ သတ်မှတ်ထား သည့်ပြစ်ဒဏ် လျှော့ပေါ့ပေးရန် တောင်းဆိုထားသည်။ သို့သော်လည်း အဆိုပါမော် တော်ယာဉ် အရောင်းစင်တာများ စတင်ဖွင့်လှစ်ပြီး မကြာမီ တင်သွင်းခွင့်ပေးထားသည့် မော်တော်ယာဉ်များဖြစ်ကာ ယခုအခါ ကြာမြင့်နေပြီ ဖြစ်သည်။ Consignment စနစ်ဖြင့် တင်သွင်းလာသော ၂၀၀၆ မော် ဒယ်အောက် မော်တော်ယာဉ်များကို ယာဉ်မှတ်ပုံတင် ပြုလုပ်ရန် ၂၀၁၆ နှစ်စပိုင်းကပင် စတင်သတိပေးချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ပြည်တွင်း မော်တော်ယာဉ် အရောင်းစင်တာများ အနက် ၂၀၀၆ မော်ဒယ်အောက် မော်တော်ယာဉ်များ ကျန်ရှိနေသည့် အရောင်းစင်တာများကို နှစ်မကုန်မီ ယာဉ်မှတ်ပုံတင် ပြုလုပ်ရန် အကြောင်းကြားစာများ ပေးပို့ထား ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2fq3Bqy
via IFTTT
No comments:
Post a Comment