ကြားဖြတ်ရွေးကောက်ပွဲအတွက် အောက်ခြေမှ တင်ပြသော ကိုယ်စားလှယ်များကို အားရကျေနပ်မှုမရှိပါက အပေါ်က ရွေးချယ်ပေးမည်ဟု ဦးဝင်းထိန်ပြော By အောင်ဇော်ထွန်း On Sun, 2016-11-13 06:30 Location ရန်ကုန် Issue No. No.1271 Sunday, November 13, 2016 NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဦးဝင်းထိန် (ဓာတ်ပုံ - National League for Democracy) လာမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက် အောက်ခြေမှ တင်ပြလာသည့် ကိုယ်စားလှယ် များကို အားရကျေနပ်မှု မရှိပါက အပေါ်ပိုင်းမှ (ဗဟိုမှ) ကိုယ်စားလှယ် ရွေးချယ်ပေးမည်ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့အ တွင်းရေးမှူး ဦးဝင်းထိန်က ပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲအ တွက် ကိုယ်စားလှယ်ရွေးချယ်ရာ ၌ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲနှင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတို့တွင် ကျင့်သုံးသည့် မူအတိုင်း အောက်ခြေမှ အပေါ် သို့ အဆင့်ဆင့်တင်သည့်မူကို ဆက်လက် ကျင့်သုံးမည်ဟု ၎င်း က ဆိုသည်။ ‘‘ကြားဖြတ်ရွေးကောက်ပွဲ အတွက် ညွှန်ကြားချက်ထွက်ပြီ။ ရွေးရမယ့်မူကတော့ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေး ကောက်ပွဲမှာ ချခဲ့တဲ့မူပဲ။ အောက် ခြေကနေတင်ပါ။ အဆင့်ဆင့် တင်လို့ရှိရင် အပေါ်က ကျေနပ် ရင် အဲဒီအောက်ခြေက တင်တာကို ရွေးမယ်။ မကျေနပ်လို့ရှိရင် အပေါ်ကနေ ရွေးပေးမယ်ပေါ့’’ဟု ဦးဝင်းထိန်က ပြောကြားသည်။ အင်န်အယ်လ်ဒီပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၉ နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကိုယ်စားလှယ်ရွေးချယ်မှု ပုံစံမူများ၊ ကိုယ်စားလှယ်များ ဖြည့်ရမည့် ပုံစံလျှောက်လွှာများ ထုတ်ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးမြင့်ဌေး က ပြောသည်။ ‘‘ပြည်သူ့လွှတ်တော်နဲ့ တိုင်း ဒေသကြီး လွှတ်တော်တွေအ တွက်ဆိုရင် သက်ဆိုင်ရာမြို့နယ် တွေမှာ မြို့နယ်အမှုဆောင်တွေ ဆီကို ဖောင်တင်ရမယ်ပေါ့။ အ မျိုးသားလွှတ်တော်ဆိုရင် သက် ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အမှု ဆောင်တွေဆီကို တင်ရမှာပေါ့’’ ဟု ၎င်းက ဆိုသည်။ ကိုယ်စားလှယ်အဖြစ် လျှောက်ထားလိုသူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ၊ ရည်ရွယ်ချက်၊ စည်းမျဉ်း စည်းကမ်းများ လိုက်နာရမည်ဟု သတ်မှတ်ထားကြောင်း ဦးမြင့်ဌေးက ပြောသည်။ ၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာ ထားသည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄ နေ ရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လည်း လွှတ်တော်အားလုံး၏ ၇၇ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ သည်။
Source : http://ift.tt/2etr2Qm
via IFTTT
No comments:
Post a Comment