Sunday, November 13, 2016

ဓာတ်တိုင်ဝင်းတိုက်ပြီးကားမီးလောင်နှစ်ဦးသေဆုံး | KUMUDRA JOURNAL

ပေါင်မြို့နယ်နဲ့ မုတ္တမမြို့နယ်ကြားရှိ လမ်းပေါ်မှာ ယနေ့ နေ့လည် ၃း၃ဝ အချိန် AD ကားတစ်စီးဓာတ်တိုင်ကိုဝင်တိုက်ပြီး ကားမီးလောင်ကာ အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားချိန်တွင်တွေ့ရှိတဲ့ မျက်မြင်သက်သေကို ဇော်နိုင်မင်းကပြောပါတယ်။ ဓာတ်တိုင်ကိုဝင်တိုက်တဲ့ အတွက် ဓာတ်ကြိုးပျက်ကြပြီး ဓာတ်လိုက်သေဆုံးတဲ့ အတွက် ဘေးလူတွေ ဝင်ကယ်ချိန်မရလိုက်ဘူးလို့ ကို ဇော်နိုင်မင်းကပြောပါတယ်။ “ရိုးရိုးဓာတ်တိုင်ကိုတိုက်ပြီး ကားမီးလောင်ရင် ကယ်လို့ရသေးတယ်၊အခုက ဓာတ်လိုက်တာဆိုတော့ ကယ်ဆယ်ရေးမလာမချင်းစောင့်နေရတယ်။ မီးသတ်ကားတွေရောက်လာမှ ပဲမီးငြိမ်းနိုင်တယ်”လို့ ကိုဇော်နိုင်မင်းကဆက်လက်ပြောကြားပါတယ်။ သေဆုံးသူတွေကိုမသိရသေးပါဘူး။ပေါင်ရဲစခန်းက လက်ရှိတွင် ယာဥ်တိုက်မှုနဲ့ အမှုဖွင့်ထားပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ မို့မို့သန္တာ photo ကိုဇော်နိုင်မင်း
Source : http://ift.tt/2eU8ffT
via IFTTT

No comments:

Post a Comment