တစ်ရက်တာ အိမ်စရိတ် ၂,၅ဝဝ ကျပ်ကို ပုံမှန်မပေးနိုင်သဖြင့် ကလေးငါးဦးဖခင် အနှေးယာဥ်လုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဒဂုံဆိပ်ကမ်းမြို့နယ် တွင် ဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် နိုဝင်ဘာ ၁၂ ရက် နေ့လယ်က ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ပြီးနောက် ဇနီး နေအိမ်တွင်မရှိခိုက် ကလေးပုခက်လွှဲကြိုးဖြင့် အိမ်ထုပ်တန်းတွင် ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့မ ရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။ ‘‘ယောက်ျားဖြစ်သူက တစ် ရက် အိမ်စရိတ် ၂,၅ဝဝ ကျပ်ပေး ရတယ်။ သေဆုံးတဲ့နေ့က ပိုက်ဆံ မပေးနိုင်တော့ လင်မယားစကား များရန်ဖြစ်တယ်။ မိန်းမလုပ်သူက အိမ်အပြင်ခဏသွားနေတုန်း ကလေးပုခက် နိုင်လွန်ကြိုးနဲ့ ကြိုးဆွဲချ သေသွားတာပါ’’ဟု ထိုရဲ အရာရှိက ပြောသည်။ ‘‘ရန်ကုန်တိုင်းမှာ ဒီနှစ်အ တွင်း ကြိုးဆွဲချသေတဲ့သူတွေ များလာတယ်။ အများစုသေကြ တာတော့ အရက်သေစာသောက် စားပြီးမှ သေဆုံးတဲ့အမှုကတော့ များတယ်။ စိတ်အရမ်းညစ်လာတဲ့အခါကျတော့ ဘာမှမစဥ်းစား တော့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ် သေလိုက်တဲ့အမှုတွေ များပါ တယ်’’ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။ အဆိုပါ အနှေးယာဥ်မောင်း ကြိုးဆွဲချသေဆုံးမှုကို ဒဂုံဆိပ်ကမ်းမြို့ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ထားသည်။
Source : http://ift.tt/2f7W38H
via IFTTT
No comments:
Post a Comment