Monday, November 7, 2016

7Day TV

"ရွေးကောက်ပွဲတွင် ဘေးထွက်ထိုင်မနေကြရန် ဟီလာရီကလင်တန် မဲဆန္ဒရှင်များအား တိုက်တွန်း" အမေရိကန် သမ္မတ ရွေး ကောက်ပွဲ ဒီမိုကရက်တစ် သမ္မတ လောင်း ဟီလာရီ ကလင်တန်က နယူးဟမ့်ရှိုင်းယားပြည်နယ် မဲ ဆွယ်ပွဲတစ်ခုမှာ မဲဆန္ဒရှင်များ အနေနဲ့ ရွေးကောက်ပွဲမှာ ဘေးထိုင်မနေဘဲ မဲထွက်ပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ထိုအတောအတွင်း မစ္စစ် ကလင်တန်အပေါ် ပြစ်မှုဆိုင်ရာ စွဲချက်တွေ မလုပ်ဖို့ စောစောပိုင်းက သူတို့ရဲ့ ရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည် သွားမယ်လို့ အက်ဖ်ဘီအိုင် ဒါရိုက်တာ ဂျိမ်းမ်ကိုမီက လွှတ်တော်အမတ်တွေဆီ စာရေးသား ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး မစ္စစ်ကလင်တန်က မှတ်ချက်မပေးခဲ့ပါဘူး။ အဲဒီအစား မဲပေးခွင့်ရှိသူ တွေ၊ မဲထွက်ပေးကြဖို့သာ မစ္စစ် ကလင်တန်က အဓိကထားတိုက် တွန်းခဲ့ပါတယ်။ လူထုစစ်တမ်း အများစုမှာ မစ္စစ်ကလင်တန်က ဒေါ်နယ်ထရန့်အပေါ် အသာစီးရနေဆဲ ဖြစ်ပါတယ်။
Source : http://ift.tt/2fKlhPl
via IFTTT

No comments:

Post a Comment