"တောင်ကြီးတန်ဆောင်တိုင်ပွဲဈေး လောင်းကစားတွေ ပိတ်ထားလို့ အပျော်ဆော့နည်းတွေနဲ့ စည်" ဒီနှစ်ရဲ့တောင်ကြီးတန်ဆောင်တိုင်ပွဲဈေးမှာတော့ လောင်းကစားမှုတွေကိုအထူးတားမြစ်ထားပါတယ်။ ဒေသခံတွေအနေနဲ့ ကစားနည်းတွေကစားပြီး လက်ဆောင်ရယူတဲ့ ကစားနည်းတွေကို စိတ်ဝင်တစားနဲ့ ဆော့ကြပါတယ်။ တောင်ကြီး တန်ဆောင်တိုင်ကတော့ ရာသီဥတု ဆိုးရွားနေပေမယ့် ပွဲဈေး အလွန်စည်ကားနေပါတယ်။ ပွဲဈေးမှာတော့ ဘောလုံးဖောက် လက်ဆောင်ယူတဲ့ ကစားနည်းတွေ၊ နို့ဆီဗူးတွေထောင်ပြီး ခြင်းလုံးတွေနဲ့ ပစ်လှဲကာ ရမှတ်အလိုက် လက်ဆောင် ပြန်လည်ရယူတဲ့ ကစားနည်းပါ။ ပွဲဈေးတစ်လျောက်မှာ ဒီကစားနည်းတွေနဲ့ ပွဲလာသူတွေ စည်ကားနေတာ တွေ့ရပါတယ်။ ဒါပေမယ့် မယ့်ပွဲဈေးရဲ့ အချို့နေရာတွေမှာတော့ လောင်းကစားဆန်တဲ့ ကစားနည်းမျိုးတွေ အနည်းငယ် ရှိနေသေးတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ ဒါ့အပြင် မီးပုံးပျံပွဲဈေးကို လာရောက်သူတွေအနေနဲ့ မဲနှိုက်ပြီး လက်ဆောင်ရယူတဲ့ ကစားနည်းကိုလည်း အထူးစိတ်၀င်စားမှုရှိနေတာပါ။ လက်ရှိတောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပမှုဟာ ၇ ရက်တိုင် ရှိလာခဲ့ပေမယ့် လောင်းကစားမှုနဲ့ ပတ်သတ်ပြီး ထိန်းသိမ်းရတာမျိုးတွေဟာ ယခင်နှစ်တွေကထက် နည်းပါးသွားတယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီက သတင်းတွေအရ သိရပါတယ်ခင်ဗျာ။ ရုပ်သံသတင်းထောက်- ဖိုးအောင်၊ အောင်မျိုးထွန်း
Source : http://ift.tt/2eMWVPo
via IFTTT
No comments:
Post a Comment