ကျပ်သိန်းတစ်ထောင် ခန့် (အမေရိကန်ဒေါ်လာ ရှစ် သောင်း)ပါသော ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံပြန်အပ်ခဲ့သည့် ရွှေမန်း သူ အဝေးပြေးယာဉ်လိုင်းမှ ယာဉ်မောင်း ဦးမျိုးသန့်နှင့်ယာဉ်အကူ ဦးမောင်မောင်တို့အား အောက်တိုဘာအတွက် ချီးကျူးဂုဏ်ပြုထိိုက်သူအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခဲ့သည်။ ပရဟိတအဖွဲ့တစ်ဖွဲ့က ငှားရမ်းသည့်ကားကို ၎င်းတို့နှစ် ဦးက ရန်ကုန်မြို့အတွင်း လေး ရက်ကြာ လိုက်လံပို့ဆောင်ပေးခဲ့ သည်။ ခရီးသည်များ ဆင်းသွား ပြီးနောက် ယာဉ်သန့်ရှင်းရေး လုပ်ရာမှ ကျပ်သိန်းတစ်ထောင်ခန့် (အမေရိကန်ဒေါ်လာ ရှစ်သောင်း)ပါဝင်သော ပိုက်ဆံအိတ်ကို ၎င်းတို့နှစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ပရဟိတ အဖွဲ့ခေါင်းဆောင်ကို အကြောင်းကြားခဲ့ပြီး ပိုင်ရှင်ဖြစ်သည့် ကိုရီးယားနိုင်ငံသား မစ္စတာဘတ်ချူးချူးထံ ပြန်လည် ပေးအပ်နိုင်ခဲ့သည်။ ရွှေမန်းသူယာဉ်လိုင်းကလည်း အဆိုပါလုပ်ရပ်အတွက် ၎င်းတို့နှစ်ဦးအား ဂုဏ်ပြုခဲ့သေးသည်။ ၎င်းတို့နှစ်ဦး၏ ကျင့်ဝတ် သီလ စာရိတ္တခိုင်မာစွာဖြင့် ပိုင်ရှင်ထံ ချက်ချင်းပြန်လည်ပေးအပ် ခြင်းကြောင့် ဂုဏ်ပြုခဲ့ခြင်းဖြစ် ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။ နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ၎င်းတို့နှစ်ဦးကဲ့သို့ စာရိတ္တမဏ္ဍိုင်ကို ထိန်းသိမ်းလျက် ဖြူစင်ရိုးသားစွာဖြင့် ပိုမိုကောင်းမွန်သည့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံတော် အစိုးရနှင့်အတူ ဝိုင်းဝန်းကူညီပေးကြပါရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။ စက်တင်ဘာအတွက် ဂုဏ် ပြုဆုကိုလည်း အငှားယာဉ်ပေါ် တွင် ခရီးသည်များ မေ့ကျန်ခဲ့ သည့် ကျပ်သိန်းတစ်ထောင်ခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာ များကို ပိုင်ရှင်ဖြစ်သူထံ အမြန် ဆက်သွယ်၍ ပြန်လည်ပေးအပ်ခဲ့ သည့် ဦးသန်းထိုက်ကျော် ရွေး ချယ်ခံခဲ့ရသည်။ သို့ဖြစ်ရာ ယာဉ်မောင်းများ က ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပြုဆုကို နှစ်လဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလကစ၍ နိုင်ငံအတွက် နိုင်ငံသားစိတ်ဓာတ် အရင်းခံဆောင်ရွက်သည့် ပရဟိ တ စေတနာရှင်များနှင့် လူမှုရေး အသင်းအဖွဲ့များအနက် ချီးကျူး ဂုဏ်ပြုထိုက်သူ တစ်ဦးချင်း (သို့ မဟုတ်) အသင်းအဖွဲ့ တစ်ခုခုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး က ပြည်သူသို့ ကျေးဇူးတင်လွှာ ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် လက်မှတ်ရေးထိုးကာ လစဉ် ရွေးချယ်ဂုဏ်ပြုနေသည်။ သေဆုံးသည်အထိ ကူးစက် ရောဂါ အပြင်းထန်ဆုံး ဖြစ်ပွားနေ သော နာဂဒေသ၌ ရောဂါရပ် တန့်အောင် ထိန်းချုပ်ကုသပေး နိုင်ခဲ့သော ကျန်းမာရေးမှူးဦးသန့် ဇင်ဦးအား ဩဂုတ်အတွက် ချီး ကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ရွေးချယ် ခဲ့သည်။ ဇူလိုင်အတွက် ချီးကျူးဂုဏ် ပြုထိုက်သူအဖြစ် ငါးကင်ရောင်း ပြီး အခမဲ့ စာကြည့်တိုက်များ တည်ထောင်ခဲ့သူ ကိုဇော်ဇော်က ရရှိခဲ့သည်။ ဇွန်လအတွက် ချီးကျူးဂုဏ် ပြုထိုက်သူအဖြစ် မွေးရာပါလက် နှစ်ဖက် မပါရှိသော်လည်း ယခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သူ မနော်ဒါးခူအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ရွေးချယ်ခဲ့သည်။ မေလအတွက် ဆုကိုမူအများအကျိုး ဆောင်ရွက်နေသည့် အသင်းအဖွဲ့များအနက် သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ပြည်သူများအတွက် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးခဲ့သည့်ရှင်ရေးကူညီမှုအသင်း (Noble Heart)အား ရွေးချယ်ခဲ့သည်
Source : http://ift.tt/2ft26pd
via IFTTT
No comments:
Post a Comment