ယူရိုပါလိဂ် အုပ်စုပွဲစဉ်(၄) ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် ဖီနာဘာချီ နှင့် မန်ယူ (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) မန်ယူအသင်း ဥရောပအဝေးကွင်းပွဲတွေမှာ နိုင်ပွဲမရတာ (၆)ပွဲရှိပါပြီ။ တူရကီမြေကလည်း မန်ယူအတွက် စိန်ခေါ်မှုတွေ နဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ မန်ယူနည်းပြ မော်ရင် ဟိုအနေနဲ့ ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းလို့ ဖလား ပွဲတွေမှာ အားစိုက်နေတာ သိသာပါတယ်။ ရှုံးဖို့မရှိတဲ့ မန်ယူကို ပဲကြိုက်တယ်။ သြစတြီးယားဝီအန် နှင့် ရိုးမား (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) ရောမမြေမှာတုန်းက သြစတြီးယားဝီအန် သရေတစ်မှတ် ခွဲယူနိုင်ခဲ့တယ်။ အခုပွဲမှာ အိမ်ကွင်းမာကျောမှုရှိတဲ့ သြစတြီး ယားဝီအန်အနေနဲ့ ရိုးမားကို အကောင်းဆုံးတုံ့ပြန်သွားဦးမှာပါ။ အုပ်စုပထမနေရာအတွက်လည်း အဆုံးအဖြတ်ဖြစ်နေပြီး အိမ် ရှင်ရဲ့ စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းနဲ့ (၂)ဂိုးပြတ်ရှုံးစရာ အကြောင်း မရှိပါဘူး။ သြစတြီးယားဝီအန်ကိုပဲ ယုံကြည်သင့်တယ်။ ဖီအိုရင်တီးနား နှင့် ဆလိုဗန်လီဘရက် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၅) ဖီအိုရင်တီးနားက စီးရီးအေထက် ယူရိုပါလိဂ်မှာ ပိုစိတ်ချ ရတာက အံ့အားသင့်စရာကောင်းနေတယ်။ အခုပွဲလည်း (၂)ဂိုး တော့ ပြတ်ဦးမှာပါ။ ဗီလာရီးယဲလ် နှင့် အူစမန်လစ္စပေါ် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၅) ဗီလာရီးယဲလ်က အိမ်ကွင်း(၅)ပွဲဆက် အနိုင်ကစားထားတယ်။ အသင်းခြေစွမ်းကလည်း အကောင်းဆုံးပုံစံရလာလို့ ဗီ လာရီးယဲလ်ဘက်ကပဲ ရပ်တည်သင့်တယ်။ ဇင်းနစ် နှင့် ဒန်ဒေါ့ခ် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) ဒန်ဒေါ့ခ်နဲ့ ဇင်းနစ်အသင်းကြားမှာ ကစားသမားစုဖွဲ့မှု၊ အ စဉ်အလာ အတော်လေးကွာဟနေပါတယ်။ ဒါပေမဲ့ ရုရှားမြေမှာ ဒန်ဒေါ့ခ် (၃) ဂိုးပြတ် ရှုံးဖို့တော့ မဖြစ်လောက်ဘူး။ ဆောက်သမ်တန် နှင့် အင်တာမီလန် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၅) အင်တာမီလန်အနေနဲ့ ပြိုင်ပွဲတိုင်းမှာ ဖိအားနဲ့ကစားနေရတာပါ။ စီးရီးအေရလဒ်ဆိုးတွေကြောင့် သိပ်အာရုံမစိုက်ဘူးလို့ ထင်ရတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကိုတောင် ဖိဖိစီးစီးကစားလာတာ တွေ့ရတယ်။ ပွဲထွက်စာရင်းမှာလည်း အရံကစားသမားတွေကို သိပ်နေရာမပေးတော့ဘူး။ ရလဒ်ကောင်းဖို့ အရေးကြီးနေလို့ အဓိကကစားသမား အများစုကို တောက်လျှောက် ထုတ်သုံးနေတာ တွေ့ရတယ်။ ပွဲပန်းမှုဒဏ်ရှိနိုင်ပေမယ့် အခြားတစ်ဖက်မှာတော့ အင်တာမီလန် Line-up က တဖြည်းဖြည်း တည်ငြိမ်လာနေ တယ်။ အခု အဝေးကွင်းပွဲမှာလည်း အင်တာမီလန် စီးရီးအေမှာပွဲကျပ်ကစားဖို့မရှိလို့ လူစုံထုတ်ဦးမှာပါ။ ပထမအကျော့ မီလန် မြေမှာ အင်တာမီလန် အနိုင်ရခဲ့ပေမယ့် အသာစီးတော့မရခဲ့ဘူး။ လူသိပ်မစုံတဲ့ ဆောက်သမ်တန်ကတောင် ကစားပုံကောင်းပြီး အခွင့်အရေးတွေ ပိုရခဲ့တာဖြစ်တယ်။ အခုပွဲမှာတော့ ဆောက်သမ်တန်အသင်းမှာ ဒဏ်ရာပြဿနာတွေများနေပြီး တိုက်စစ်ပိုင်း အပြောင်းအလဲမကြာခဏဖြစ်နေတာကိုလည်း ထည့်တွက်ရမှာပါ။ ဆောက်သမ်တန်အနေနဲ့ အိမ်ကွင်းမှာ (၂)ဂိုးပြတ်ဖို့မဖြစ် နိုင်တဲ့အနေအထားမှာ အင်တာမီလန်ကိုပဲ ရွေးချင်တယ်။ ဘီလ်ဘာအို နှင့် KRCဂျန့် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) KRCဂျန့် ဥရောပပြိုင်ပွဲတွေမှာ အတော်လေးခြေစွာ လာတယ်။ ဘီလ်ဘာအိုနဲ့ သမ္ဘာကွာပေမယ့် KRCဂျန့် ခံကစား မှာဖြစ်လို့ အလွန်ဆုံး ကပ်အရှုံးပါပဲ။ အပိုးလ်နီကိုးရှား နှင့် ယန်းဘွိုင်းစ် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) ပထမအကျော့မှာ အပိုးလ်နီကိုးရှား ရှုံးထားပေမယ့် ပြဿ နာတော့ မရှိသေးပါဘူး။ အခုအိမ်ကွင်းပွဲမှာတော့ အပိုးလ်နီကိုး ရှား အနိုင်နဲ့သရေပါ။ ဆာဆူအိုလို နှင့် ရက်ပစ်ဝီအန် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) ပွဲဆက်တွေများနေလို့ ဆာဆူအိုလို ရလဒ်တွေပါကျဆင်း လာတာတွေ့ရတယ်။ အဝေးကွင်းမှာ ရက်ပစ်ဝီအန် သရေခံကစားသွားရင် အံ့သြစရာမရှိပါဘူး။ ဂါဘာလာ နှင့် စိန့်အက်တီယန် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) ဂါဘာလာက ခြေစစ်ပွဲအဆင့်မှာ ပြင်သစ်ကလပ် လိုင်လီ အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့တယ်။ အခုပွဲလည်း ပြင်သစ် ကလပ် စိန့်အက်တီယန်ကို ဒုက္ခပေးဦးမှာပါ။ အေဂျက်စ် နှင့် ဆယ်လ်တာဗီဂို (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၅) ဆယ်လ်တာဗီဂိုကွင်းမှာတော့ အေဂျက်စ်က (၂)ကြိမ် တိုင် ဦးဆောင်ခဲ့ပြီး အိမ်ရှင်အသင်း ချေပဂိုးတွေလိုက်သွင်းခဲ့ရ တာပါ။ ဆယ်လ်တာဗီဂို နယ်သာလန်မြေမှာ အနိုင်ရဖို့အခွင့်အ လမ်းနည်းပေမယ့် သရေရလဒ်တော့ မျှော်လင့်ခွင့်ရှိနေတယ်။ ဆယ်လ်တာဗီဂိုပဲ ကောင်းမယ်။ ရှော်လ်ကေး နှင့် ခရက်စ်နိုဒါ (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၅) ရှော်လ်ကေးအသင်းကို တဖြည်းဖြည်းနဲ့ နဂိုပုံစံ ပြန်မြင် လာရပြီ။ တစ်ဖက်မှာ Winter Break မတိုင်မီ ဘွန်ဒစ်လီဂါမှာ အခြေအနေကောင်းနေဖို့ ယူရိုပါလိဂ်ကို ရှော်လ်ကေး စောစော ဖြတ်ထားဖို့များတယ်။ ရှော်လ်ကေး အနိုင်ကစားမှာပါ။ အန်ဒါလက်ချ် နှင့် မိန့်ဇ် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၀၀း၃၀) မိန့်ဇ်ရဲ့အဝေးကွင်းခြေစွမ်းက မှန်းဆရခက်ပါတယ်။ အုပ် စုတွင်း ရမှတ်တူ(၃)သင်းအနေအထားမှာ မိန့်ဇ်အသင်း နောက် တစ်ဆင့်တက်ချင်ရင် အခုပွဲ ရှုံးလို့မရဘူး။ မိန့်ဇ် ရှုံးဖို့ ရာခိုင်နှုန်း မရှိသလောက်နည်းတယ်။ KAAဂျန့် နှင့် ရှက်တာဒိုးနက် (နိုဝင်ဘာ ၄ ရက် မြန်မာစံတော်ချိန် နံနက် ၂း၃၅) KAAဂျန့် အိမ်ကွင်းမာကျောမှုရှိတာကို မေ့လို့မရပါဘူး။ အိမ်ကွင်း နောက်ဆုံး(၉)ပွဲဆက်လည်း အနိုင်ကစားထားတယ်။ ရှက်တာဒိုးနက်က သရေဆိုရင်ပဲ နောက်တစ်ဆင့်တက်ဖို့ လုံ လောက်နိုင်ပါတယ်။ အိမ်ရှင်ဘက်က အရဲစွန့်နေသင့်တယ်။ အခြားပွဲစဉ်များ ဇော်ယာ - ဖီယင်နု အက်စ်တာနာ - အိုလံပီယာကော့စ် မက္ကာဘီတဲလ်အဗစ် - အယ်လ်ခမာ အက်ထရာ - ဗစ်တိုးရီးယားပါလ်ဇန် ပါနာသီနေကော့စ် - စတန်းဒတ်လိဂ် စပို့တင်းဘရာဂါ - ကွန်ယာစပေါ် နိုက်စ် - ဆာလ်ဇ်ဘာ့ဂ် စပါတာပရပ်ဂ် - ဟာပိုးလ်ဘီအာရှီဗာ PAOK - ကာရာဘတ် FCဇူးရစ် - စတူအာဘူခါရက်
Source : http://ift.tt/2eXCsuP
via IFTTT
No comments:
Post a Comment