Google Pixel က iPhone ထက် ပိုကောင်းတဲ့ အချက် (၆) ချက် By: နောင်နောင် Google ဟာ Pixel လို့ခေါ်တဲ့ ဖုန်းအသစ်တစ်မျိုးကို မကြာသေးမီက မိတ်ဆက်ကြေညာခဲ့ပါတယ်။ ၆၄၉ ဒေါ်လာနဲ့ ရောင်းချမယ့် Google Pixel ဟာ အလူမီနီယံ စမတ်ဖုန်းဖြစ်ပြီး Apple ရဲ့ နောက်ဆုံးပေါ် iPhone 7 နဲ့တောင်မှ နှိုင်းယှဉ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် Google Pixel က Apple iPhone ထက် ပိုကောင်းတဲ့အချက်များကို ဖော်ပြလိုက်ပါတယ်။ (၁) ပိုကောင်းပြီး လျင်မြန်တဲ့ ကင်မရာ Google Pixel မှာ f/2.0 aperture နဲ့ 1.55-micron pixels တို့ကို ထောက်ပံ့ပေးထားတဲ့ 12.3 megapixel ကင်မရာ ပါဝင်ပါတယ်။ ဒါဟာ အခြားဖုန်းတွေထက် မြင့်မားတယ်လို့ DXOMark က ပြောကြားခဲ့ပါတယ်။ 4K ဗီဒီယိုများနဲ့ resolution မြင့်မားတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်ပေမယ့် မှန်ဘီလူးတစ်ခုတည်းသာ ပါဝင်တာကြောင့် iPhone 7 Plus လို zoom ချဲ့တာနဲ့ နောက်ခံကိုအနည်းငယ်ဝါးပြီး ဓာတ်ပုံရိုက်တာမျိုးတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ (၂) ဘက်ထရီကို လျင်မြန်စွာအားသွင်းနိုင်ခြင်း Samsung ဖုန်းတွေလိုပဲ Pixel ကို ၁၅ မိနစ် အားသွင်းပြီး ၇ နာရီလောက် အသုံးပြုနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဖုန်းကို အားအပြည့်သွင်းဖို့ အချိန်မရသူတွေအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ (၃) Assistant က အပြန်အလှန်စကားပြောဆိုမှုများကို နားလည်နိုင်ခြင်း Google Allo app မှာ ပါဝင်ပြီးသားဖြစ်တဲ့ Google Assistant ဟာ Pixel home ခလုတ်ကို အတန်ကြာ ဖိထားတဲ့အခါမှာ အလုပ်လုပ်ပါတယ်။ လမ်းကြောင်းတည်နေရာများ မေးမြန်းခြင်း၊ reminder များသတ်မှတ်ခြင်းတို့ကို စေခိုင်းနိုင်ပေမယ့် သုံးစွဲသူရဲ့ အပြန်အလှန်စကားပြောဆိုမှုတွေကို Assitant က သိရှိနားလည်နိုင်တာကတော့ အထင်ကြီးစရာပါ။ သုံးစွဲသူက အစည်းအဝေးတည်နေရာတစ်ခုအကြောင်း ဆွေးနွေးတဲ့အခါမှာ Assistant က အလုပ်နဲ့ စားသောက်ဆိုင် အကွာအဝေးကို ပြောကြားပေးနိုင်ပါတယ်။ (၄) ဓာတ်ပုံနဲ့ ဗီဒီယိုများကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်ခြင်း Pixel ဖုန်းမှာ resolution မြင့်မားတဲ့ ဓာတ်ပုံနဲ့ 4K ဗီဒီယိုတွေကို အကန့်အသတ်မရှိ သိမ်းဆည်းနိုင်တဲ့ cloud storage ပါဝင်ပါတယ်။ ဖုန်းပေါ်က Google ရဲ့ Photos app ဟာ laptop နဲ့ tablet က ဓာတ်ပုံတွေကို အလွယ်တကူ ရယူပေးနိုင်သလို အလိုအလျောက် sync လုပ်နိုင်ပါတယ်။ (၅) ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်ခြင်း iPhone 7 နဲ့ iPhone 7 Plus မှာ ၃.၅ မီလီမီတာနားကြပ်ပေါက်အတွက် Lightning adapter ထောက်ပံ့ပေးထားတယ်ဆိုပေမယ့် adapter ကို သွားလေရာ မသယ်သွားချင်သူတွေအတွက် Pixel က စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါလိမ့်မယ်။ (၆) Android နဲ့ iOS မှာ အလုပ်လုပ်နိုင်တဲ့ Video chat app Pixel မှာ ပါဝင်တဲ့ Duo app ဟာ Skype နဲ့ FaceTime တို့လို video call တွေ ပြုလုပ်နိုင်ပြီး Android ရော iOS မှာပါ အလုပ်လုပ်ပါတယ်။ ဒါဟာ cross-platform ပေါ်မှာ video-conference တစ်ခု အလျင်အမြန် ပြုလုပ်လိုသူတွေအတွက် တစ်မူထူးခြားမှုတစ်ရပ် ဖြစ်ပါတယ်။ FaceTime က Apple ဖုန်း၊ tablet နဲ့ ကွန်ပျူတာတွေမှာပဲ အလုပ်လုပ်ပါတယ်။
Source : http://bit.ly/2ehjnzB
via IFTTT
No comments:
Post a Comment