Friday, November 4, 2016

Myanmar State Counsellor Office

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ ဘုရင်နှင့် မိဖုရားတို့နှင့် တွေ့ဆုံ တိုကျို နို၀င်ဘာ ၄ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ပိုင်းတွင် ကျိုတိုမြို့မှ ကျည်ဆံရထားဖြင့် တိုကျိုမြို့သို့ ပြန်လည် ရောက်ရှိကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံ ဘုရင် ဟီရိုဟီတို နှင့် မိဖုရား မီချီကိုတို့အား နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တိုကျိုမြို့ရှိ ဂျပန်ဘုရင့် နန်းတော်၌ သွားရောက်တွေ့ဆုံသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်စီးပွားရေးအသင်း (Keidaren) နှင့် ဂျပန်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (JCCI) တို့က The Imperial Hotel ၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
Source : http://ift.tt/2e7HqWs
via IFTTT

No comments:

Post a Comment