Friday, November 11, 2016

မျက်စိရောဂါတွေ လူနာတွေများလာ အတွင်းတိမ်နဲ့ ရေတိမ် ဖြစ်ပွားမှုများ | KUMUDRA JOURNAL

ရန်ကုန်၊ နိုဝင်ဘာ ၅ – ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးမှာ အရင်နှစ်တွေကထက် လူ နာပိုများလာ တယ်။ မျက်စိရောဂါတွေထဲမှ အတွင်းတိမ်၊ ရေတိမ်က အများဆုံး ဖြစ်ကြ တယ်လို့ သိရပါတယ်။ မျက်စိဆေးရုံကြီးက ပါမောက္ခဒေါက်တာဦးတင်ဝင်းက ‘အဖြစ်များတာက အတွင်းတိမ်၊ ရေတိမ်၊ မျက်ကြည်လွှာ ရောဂါတွေ၊ မျက်စိအာရုံလွှာရောဂါတွေနဲ့ ထိခိုက်ဒဏ်ရာက အဖြစ်များတဲ့ ရောဂါတွေပဲ ဖြစ်လာကြတယ်၊ နေ့စဥ် လူနာသစ်က ၃ဝဝ ကနေ ၄ဝဝ ကြားရှိတယ်˘လို့ သိရပါတယ်။ OPD မှာ လူနာသစ်က ၃ဝဝ ကနေ ၄ဝဝ ကြားရှိတယ်လို့ သိရပါတယ်။ ဒါ့အ ပြင် follow up လူနာက ပုံမှန် ၃ဝဝ ရှိ တယ်။ စုစုပေါင်း ၆ဝဝ ကနေ ၇ဝဝ ကြားရှိတယ် လို့ သိရပါတယ်။ လူနာတွေ ပိုများလာတာကလည်း နည်းပညာပိုင်းရော ခွဲစိတ်ဆေးကုသမှု ပိုင်းဆိုင်ရာမှာပါ အားလုံးအခမဲ့ ဖြစ်လာတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင်သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကလင်းနစ်တွေကို တည်ထောင်ပြီး နိုင်ငံခြား အ သိအမှတ်ပြု ကျွမ်းကျင်သူတွေက ပေါ်ထွက်လာကာ ဝန်ဆောင်မှုတွေကလည်း ပို ပြီး ကောင်းလာတာကြောင့်လည်း ဖြစ် တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၁၃ကစပြီး သည်အခြေ အနေကို ရောက်လာတာဖြစ်ပါတယ်။ ပြင်ပလူနာမှာက လူနာ သစ် ၁ဝဝ လောက် ပဲရှိတယ်။ လူနာဟောင်းက ၁ဝဝ လောက် ပဲ ရှိပါတယ်။ ခွဲစိတ်တာတွေက မေဂျာဆို ရင် ၃ဝ လောက်ပဲ ရှိတယ်။ မိုင်နာကလည်း ၃ဝ လောက်ပဲ ရှိတယ်။ အဲသည်ကနေ ခုန်တက်ကာ သည်အခြေအနေကို ရောက်နေ လို့ သိရပါတယ်။ အကုန်အခမဲ့ ထောက်ပံ့ တယ်၊ နည်းပညာတွေကလည်း အရမ်းတိုးတက်လာပါ တယ်။ အထူးကုတွေလည်း ရှိ လာတယ်လို့ ဒေါက်တာ ဦးတင်ဝင်းကပဲ ပြောပါတယ်။ Author ဖြိုးစန္ဒာ
Source : http://www.kumudranews.com/health/%E1%80%99%E1%80%BA%E1%80%80%E1%80%B9%E1%80%85%E1%80%AD%E1%80%B1%E1%80%9B%E1%80%AC%E1%80%82%E1%80%AB%E1%80%B1%E1%80%90%E1%80%BC-%E1%80%9C%E1%80%B0%E1%80%94%E1%80%AC%E1%80%B1%E1%80%90%E1%80%BC%E1%80%99/
via IFTTT

No comments:

Post a Comment