Tuesday, November 15, 2016

MOI Webportal Myanmar

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက မောင်တောမြို့နယ် အတွင်းရှိ ရေခပ်ချောင်းဂွဆုံ ကျေးရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီး နေပြည်တော် နို၀င်ဘာ ၁၅ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မီးရှို့ဖျက်ဆီး သွားသည့် ကျေးရွာများအား တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ယမန်နေ့ ညနေပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးစဉ် ရေခပ်ချောင်းဂွဆုံ ကျေးရွာတွင် ညနေ ၃ နာရီခန့်က အဆောက်အဦအချို့ မီးလောင်နေကြောင်း တွေ့ရှိရသဖြင့် ပတ်၀န်းကျင်ရှိ တပ်မတော် စစ်ကြောင်းများသို့ အကြောင်းကြား၍ ၀ိုင်း၀န်း မီးငြိမ်းသတ်ခဲ့ရသည်။ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၎င်းကျေးရွာရှိ လူနေအိမ် ၁၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ မောင်တောနယ်မြေအတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုများနှင့် ဖျက်ဆီးမှုများ လုပ်ဆောင်လျက် ရှိသော အကြမ်းဖက်သမားများ အနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန် ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိပြီး ထိုသို့ လုပ်ဆောင်မှုကို သတင်းမီဒီယာများနှင့် ချိတ်ဆက်ကာ လိမ်လည် သတင်းဖြန့်ချိခြင်းနှင့် နိုင်ငံတကာမှ အထောက်အပံ့များ ရရှိအောင် လုပ်ကြံဖန်တီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ (မြ၀တီ)
Source : http://ift.tt/2gcnSC4
via IFTTT

No comments:

Post a Comment