Tuesday, November 15, 2016

MOI Webportal Myanmar

မောင်တောမြို့နယ်အတွင်း မသင်္ကာဖွယ် ဘင်္ဂါလီ ၃၅ ဦး ဖမ်းဆီးရမိ နေပြည်တော် နို၀င်ဘာ ၁၅ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များ နယ်မြေရှင်းလင်းလျက်ရှိရာ နို၀င်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီ ၂၁ မိနစ်ခန့်က ၀က်ပြင်ကျေးရွာတွင် ရှင်းလင်းစဉ် မသင်္ကာဖွယ် ဘင်္ဂါလီနူရ်ဘော်ဘီ(ဘ)နူရ်ဟူဆောင်း အပါအ၀င်ဘင်္ဂါလီ ၄ ဦးကို လည်းကောင်း၊ အောင်မင်္ဂလာ ကျေးရွာတွင် ည ၁၁ နာရီခွဲခန့် ၀င်ရောက် လာသော သဲချောင်းကျေးရွာ နေမသင်္ကာဖွယ် ဘင်္ဂါလီမာမွတ်ကာစီ (ဘ) အာမွတ်ဒူဆောင်း အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။ အလားတူ ယနေ့ ညနေ ၃ နာရီတွင် ရေတွင်းကျွန်း ကျေးရွာတွင် ရှင်းလင်းစဉ် တိုက်ပွဲ ဖြစ်ပွားပြီးနောက် တိမ်းရှောင် ထွက်ပြေးလာသည့် အခြားကျေးရွာ များမှ ခွေလာ(ဘ)ရှလာဟာ ဒူလာအပါအ၀င် ၃၀ ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ စစ်ဆေး အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ (မြ၀တီ)
Source : http://ift.tt/2fRfZOh
via IFTTT

No comments:

Post a Comment