Sunday, November 13, 2016

The Voice

Eleven Media Group ပုဒ်မ ၆၆ (ဃ) ဖြင့် တရားလိုပြု တိုင်ကြားခဲ့သည့် အမှု အားလုံး ရုပ်သိမ်းရန် စီစဉ်နေဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၁၃ Eleven Media Group က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားလိုပြု တိုင်ကြားခဲ့သည့် အမှုအားလုံးကို ပြန်လည် ရုပ်သိမ်းရန် စီစဉ် ဆောင်ရွက်နေကြောင်း ယင်းသတင်းစာတိုက်မှ သတင်းထောက်ချုပ် ကိုမာန်သူရှိန်က ပြောကြားသည်။ “မနေ့က တာမွေ ရဲစခန်းမှာ ဖွင့်ထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အမှုတွေကို ပြန်ရုပ်သိမ်းဖို့ စတင် ဆောင်ရွက်ခဲ့တယ်။ ဒါရိုက်တာ မိုက်တီး အမှု အပါအဝင် ကျန်ရှိနေသေးတဲ့ ရန်ကုန်နဲ့ နေပြည်တော်က ၆၆(ဃ) အမှုတွေပါ အကုန် ပြန်ရုပ်သိမ်းဖို့ ရုံးက ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။ မြို့နယ် ရဲစခန်းများတွင် တိုင်ကြားခဲ့သည့် အမှုတွဲများကို ပြန်ရုပ်သိမ်းရန် အမှုတွဲ တစ်ခုလျှင် စာတစ်စောင်ဆီ ပြန်တင်ပြရမည် ဖြစ်သောကြောင့် လက်တလော Eleven Media Group ဘက်မှ တိုင်ကြားခဲ့သည့် အမှု အရေအတွက် စုစုပေါင်း မည်မျှ ရှိသည်ကို ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ကိုမာန်သူရှိန်က ရှင်းပြသည်။
Source : https://goo.gl/Tc9VYA
via IFTTT

No comments:

Post a Comment