Friday, December 2, 2016


ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်း၊ စီးပွားရေးဇုန်နှင့် မြို့သစ်စီမံကိန်း တစ်ခုစီပေါ်ပေါက်လာမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မြေယူကာ အခန်းတည်ဆောက်မှုစနစ်ဖြင့် Risk ယူ၍တည်ဆောက်ခြင်း ရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်း ရန်ကုန်မြို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု၊ စီးပွားရေးဇုန်တစ်ခု၊ မြို့သစ်စီမံကိန်းတစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြေယူပြီး အခန်းတည်ဆောက်မှုစနစ်ဖြင့် Risk ယူကာ တည်ဆောက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၁ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒုသမ္မတတွေ့ဆုံပွဲတွင် ပြောကြားသည်။ လာမည့်နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့သစ် စီမံကိန်းစတင်ရန် Developers များနှင့်ချိတ်ဆက်ထားပြီး အဆိုပါစီမံကိန်းအတွက် ကုမ္ပဏီများကို မြေခွဲပေးမည်မဟုတ်ဘဲ နိုင်ငံတကာတွင် တင်ဒါခေါ်ယူခြင်းများနှင့် အစိုးရက မြေစျေးထိန်းညှိသည့်ပုံစံများနှင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားသည်။ လက်ရှိတွင် ရန်ကုန်မြို့သစ်စီမံကိန်း နှင့်ပတ်သက်ပြီး လွှတ်တော်သို့တင်ပြရန် စီစဉ်နေသည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ “ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ပတ်သက်ပြီး မြေကိုနိုင်ငံတော်ကပဲ တာဝန်ယူမှာဖြစ်ပါတယ်။ အခြေခံအဆောက်အအုံတွေနဲ့ ဆောက်လုပ်ရမယ့်ပုံစံတွေ မြေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တင်ဒါစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေအားလုံး ပါဝင်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ လွှတ်တော်မှာ တင်နိုင်ဖို့လည်း ပြင်ဆင်နေပါတယ်။ ရန်ကုန်ရဲ့ Master Plan ကို ဒီဇင်ဘာမှာ ကျွန်တော်အပြီး ဆောင်ရွက်ပေးပါမယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ထို့ပြင် အိမ်ရာများတည်ဆောက်ခြင်း ပြုလုပ်ရန်ရှိပြီး ထိုသို့တည်ဆောက်ရာတွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာများကို ရောနှောတည်ဆောက်မည့်ပုံစံကို လေ့လာနေကာ အဆိုပါလေ့လာမှုပြီးသည်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား ခေါ်ယူရှင်းလင်းမည်ဖြစ်ကြောင်းနှင့် ရန်ကုန်အိမ်ခြံမြေစျေးကွက်မှာ မြေစျေးနှုန်းကြီးမားသည့်အတွက် အခက်အခဲကြုံနေရသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနေဖြင့် Risk ယူကာ တည်ဆောက်ခြင်း တတ်နိုင်သမျှရှောင်ကြဉ်ရန် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ “ရန်ကုန်မှာ ရေနက်ဆိပ်ကမ်းတစ်ခု ပေါ်ပေါက်မှာဖြစ်ပါတယ်။ စီးပွားရေးဇုန်တစ်ခု ပေါ်ပေါက်ဖို့ရှိပါတယ်။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ မြို့သစ်စီမံကိန်းတစ်ခု ပေါ်ပေါက်ဖို့ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်အားလုံးမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်အိမ်ရာတွေ တည်ဆောက်ဖို့ရှိပါတယ်။ သေသေချာချာ လေ့လာဆန်းစစ်မှုလုပ်နေပါတယ်။ တန်ဖိုးနည်းအိမ်ရာဆိုရာမှာ အရည်အသွေးမပြည့်မီသော အိမ်ဖြစ်နေမှာ စိုးရိမ်ပါတယ်။ တန်ဖိုးသင့်ဆိုရာမှာ အသင့်အတင့်တန်ဖိုးမြင့်ပြီးတော့ တန်ဖိုးမြင့်ကသာ အရည်အသွေးမြင့်သော အိမ်ဆိုတာမျိုးမဟုတ်ဘဲ ရောနှောတည်ဆောက်တဲ့ပုံစံမျိုးကို ကျွန်တော်တို့လေ့လာဆန်းစစ်မှု လုပ်နေပါတယ်။ ဒီလေ့လာမှုပြီးရင် ဒီပုံစံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အားလုံးကို ခေါ်မှာပါ။ စီမံကိန်းတွေကိုလည်း ရှင်းလင်းမှာပါ။ ကျွန်တော်တို့ သတင်းအချက်အလက်တွေကိုလည်း ကြိုပေးထားမှာပါ။ ဘာကြောင့်ကြိုပေးထားလဲဆိုတော့ မြေလက်ဦးမှုမဖြစ်ဖို့အတွက် သတင်းထုတ်ပြန်ထားမှုကိုတော့ လုပ်ထားပြီးဖြစ်ပါတယ်။ အသေးစိတ် ကျွန်တော်တို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆောင်ရွက်ပြီးသွားရင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အကောင်းဆုံး အခွင့်အလမ်းရမှာ ဖြစ်ပါမယ်။ မြေနဲ့ပတ်သက်တဲ့ အခြေအနေတစ်ခုဟာ ရန်ကုန်မှာ အိမ်ခြံမြေစျေးကွက်ဟာ မြေတန်ဖိုးကြီးမားတဲ့အတွက် အခက်အခဲ ကြုံနေရတဲ့အခြေအနေ ရှိပါတယ်။ မြေကိုယူပြီးတော့ အခန်းတည်ဆောက်မှုစနစ်နဲ့ Risk ယူပြီးတော့လုပ်တာမျိုးကိုတော့ တတ်နိုင်သမျှရှောင်ပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက တိုက်တွန်းသည်။
Source : http://ift.tt/2gTy91r
via IFTTT

No comments:

Post a Comment