Friday, December 2, 2016

MOI Webportal Myanmar

ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် ထိုင်းလက်ရွေးစင်အသင်း ရန်ကုန်မြို့သို့ရောက်ရှိ ရန်ကုန် ဒီဇင်ဘာ ၁ ၂ဝ၁၆ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နေသည့် လက်ရှိချန်ပီယံ ထိုင်းအသင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရန် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့သည်။ ထိုင်းလက်ရွေးစင်အသင်းသည် ယခုပြိုင်ပွဲတွင် အုပ်စုသုံးပွဲစလုံး အနိုင်ရလာ သည့် အသင်းဖြစ်ပြီး အုပ်စုပထမနေရာရရှိခဲ့သောကြောင့် အဝေးကွင်းပွဲစဉ်စတင် ကစားရခြင်း ဖြစ်သည်။ ထိုင်းလက်ရွေးစင်အသင်း နည်းပြချုပ် ကိုင်တီဆက်က ''ဒီပွဲက အလွန်ကို ခက်ခဲမှာပါ။ မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ အလွန်ကိုတိုးတက် လာတဲ့ အသင်းဖြစ်ပြီး ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂ဝ အသင်းက ကစား သမားတွေ ပါဝင်နေပါတယ်။ ကျွန်တော်တို့အသင်းဟာ အဝေးကွင်းဖြစ်ပေ မယ့် တိုက်စစ်အသားပေးပုံစံနဲ့ ကစားမှာဖြစ်ပြီး နှစ်ကျော့စလုံး အကောင်းဆုံး ယှဉ်ပြိုင် မှာပါ။ မြန်မာအသင်းဟာ လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထား တာကြောင့် သတိထားရမှာပါ။ ဆီမီးဖိုင်နယ်တက်ရောက်နိုင် ခဲ့တဲ့ မြန်မာ အသင်းကို ချီးကျူးပါ တယ်''ဟု ပြောကြားခဲ့သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီတွင် သုဝ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဒုတိယအကျော့ကို ဒီဇင်ဘာ ၈ ရက်တွင် ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအသင်းမှာမူ ချန်ပီယံဆု လေးကြိမ်အထိ ရယူထားနိုင်ကြောင်း သိရသည်။ ညီမြတ်သော်တာ
Source : http://ift.tt/2fRjm6f
via IFTTT

No comments:

Post a Comment