" မုံးကိုးရဲ့ ဒီဇင်ဘာ ၁ ရက်" ===================== ယနေ့ ဒီဇင်ဘာ မနက်ပိုင်းမှာ စပြီးတော့ မြောက်ပိုင်း မဟာမိတ် သောင်းကျန်းသူတွေဟာ မုံးကိုးဗျူဟာကုန်း ကို အင်အားအလုံးအရင်းနဲ့ စတင်တိုက်ခိုက်လာ ပါ တယ်။ တပ်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်ပွားပြီး သိပ်မ ကြာခင်မှာ လင်းယုန်၊ စွန်ရဲအဖွဲ့တွေနဲ့ စတွေ့တော့တာ ပါပဲ။ နေ့ခင်း ၁၂ နာရီလောက်မှာမုံးကိုးမြို့တွင်းမှာ စစ်သား နဲ့သူပုန်ကလွဲပြီး အရပ်သား တစ်ယောက်မှ မရှိတော့ ပါဘူး။ မုံးကိုးပြည်သူ့စစ်အဖွဲ့တွေကို ညှပ်ချဖို့ကြံနေတဲ့ မဟာ မိတ်အဖွဲ့တွေနဲ့လည်း လေးထပ်တိုက်ပေါ်က ပြည်သူ့ စစ်အဖွဲ့တွေနဲ့ အပေါ်နဲ့အောက်ပစ်ခတ်မှုတွေပြင်းထန် ခဲ့ပါတယ်။ ဒါပေမဲ့ လင်းယုန်တွေနဲ့လက်နက်ကြီးတွေဟာ မဟာ မိတ်အဖွဲ့တွေ ပြန့်ကျဲနေတဲ့ မုံးကိုးမြို့တွင်းကို စပြီးပစ် တဲ့အချိန်မှာတော့ မြို့ထဲကို တကယ်ချနေပြီဆိုတာ သိ တဲ့အချိန်မှာ တစ်ဖက်နိုင်ငံထဲကို ဖရိုဖရဲနဲ့ ဝင်ပြေးကုန် ကြပါတယ်။ မုံးကိုးမြို့တွင်းမှာ ပစ်ခတ်မှု အသံအနည်းငယ်စဲသွား ပြီးသိပ်မကြာခင်မှာပဲ တစ်ဖက်နိုင်ငံကနေ မဟာမိတ် အင်အား ၅ဝဝ ခန့်ဟာ ကားအသီးသီးနဲ့ ဝင်ရောက် လာပြန်ပါတယ်။ ဒီကြားထဲမှာ တစ်ခုဖြတ်ပြောချင်တာက ကျနော်တို့ဆီ က ပိုင်းလော့တွေရဲ့ တိုက်လိုခိုက်လိုစိတ် ထက်သန် မှုအကြောင်းပါ။ တစ်မနက်လုံးပစ်ခတ်ပျံသန်းပြီး ကွင်းထဲပြန်ဆင်းတိုင်း ဘယ်နားထပ်ပြီးဗုံးကြဲရမလဲဆိုတာကိုပဲ တန်းမေးတာ ပါ။ ပြောတဲ့အတိုင်းပဲ လုံးဝ မပင်ပန်းတဲ့ မျက်နှာတွေနဲ့ ပစ်မှတ်တွေဆီကို တစ်နေကုန်ပျံသန်းတိုက်ခိုက်တော့ တာပါပဲ။ အထက်ကပြောတဲ့ အင်အား ၅ဝဝ လောက်ပါလာတဲ့ အဖွဲ့တွေထဲက တချို့တစ်ဝက်ဟာ မုံးကိုး ခရစ်ယာန် ဘုရားကျောင်းကို ဘေးကနေ မီးရှို့့ပါတယ်။ တချို့ကတော့ လွင်တီးခေါင်ကွင်းပြင်ကြီး (တစ်ဖက်နိုင် ငံနယ်ခြားမျဉ်းနှင့်ကပ်လျက်) မှာ ပုရွက်ဆိတ်တွေလိုတ ဖွဲဖွဲ မြို့ထဲကို ဝင်ဖို့ပြင်နေကြပါတယ်။ ဒါပေမဲ့ ရာဇဝင်ရှိတဲ့ ၁ဝ၅ မမ ရဲ့ တိကျတဲ့ ဗုံးသီးတစ် လုံးဟာ မဟာမိတ်တွေရဲ့ အလယ်တည့်တည့်ကို ကျ ရောက်သွားပါတယ်။ နောက်ထပ် စွန်ရဲတွေ၊ လင်းယုန်တွေ ထပ်ရောက်လာ ပါတယ်။ တိုက်ပွဲအခြေအနေတော့ ကိုယ့်ဘာသာမျက် လုံးထဲမြင်ကြည့်ကြပေါ့။ လက်ရှိအချိန်မှာ တစ်ဖက်နိုင်ငံ မန်ဟိုင်းမှာ မဟာမိတ် လူနာတွေ ထားစရာနေရာမရှိအောင် ပြည့်နှက်နေတဲ့ အပြင် မုံးကိုးနဲ့ နယ်စပ်မျဉ်းကြားမှာလည်း အလောင်း လက်နက်တွေ ကျန်ခဲ့ပါသေးတယ်။ မုံးကိုးကာကင်း၊ မုံးကိုးဗျူဟာကုန်းကို စိတ်ကြွဆေးတွေ အလွန်အကျွံသုံးထားတဲ့သောင်းကျန်းသူတွေဟာ ရူးရူး မိုက်မိုက်နဲ့အပိုင်ကြံတိုက်ခိုက်ခဲ့ပေမဲ့စခန်းအစပ်တောင် မရောက်ခဲ့ကြပါဘူး။ ဒီကနေ့တိုက်ပွဲမှာတပ်မတော်ဖက်ကအရာရှိ/စစ်သည် တချို့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့ကြရပြီး မုံးကိုး မြို့ တည်ငြိမ်ရေးအတွက် ဆောင်ရွက်ခဲ့ကြပါတယ်။ ညနေ ၅နာရီခွဲ နောက်ပိုင်းမှာတော့ ပစ်ခတ်မှုတွေ ရပ် တန့်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မဟာမိတ် သောင်းကျန်းသူတွေ ဟာ အဖွဲ့ကွဲနေကြပြီး လက်နက်ခဲယမ်း ပြတ်လပ်နေပြီ ဖြစ် ပါတယ်။ အခြေအနေအရပ်ရပ်ကို တပ်မတော်ကသာ ထိန်းချုပ် ထားပြီးဖြစ်သလို မကြာခင် အချိန်အတွင်း မဟာမိတ် တို့ နိဂုံးချုပ်တော့မယ့်အချိန် ရောက်ခါနီးပြီဖြစ်ပါတယ်။ မနေ့က စခန်းတစ်ခု ရတာလေးကတော့ အချိန်ရရင် မျှဝေပါ့မယ် ......... ။ ။ #ဇေမိုး ၂ဝ၁၆ ဒီ ၁ ရက်
Source : http://ift.tt/2gP7djc
via IFTTT
No comments:
Post a Comment