Saturday, November 12, 2016

Yangon Media Group

ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ဝင်ငွေနည်းပြည်သူများအားတန်ဖိုးမျှတ တိုက် ခန်းပေါင်း ၆ဝဝ ကို သုံးနှစ်နှင့် ၁ဝ နှစ်အရစ်ကျ စနစ်ဖြင့် ရောင်းချပေး သွားမည် ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ မန္တလေး၊ နိုဝင်ဘာ ၁၁ အမှန်တ ကယ်လိုအပ်သည့်ဝင်ငွေနည်းပြည် သူများကို တန်ဖိုးမျှတတိုက်ခန်းပေါင်း ၆ဝဝ အား သုံးနှစ်နှင့် ၁ဝ နှစ် အရစ် ကျစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သန္တိသစ္စာ ဆောက် လုပ်ရေးကုမ္ပဏီထံမှ သိရသည်။ "ကျွန်တော်တို့က ကုမ္ပဏီဖြစ် နေပေမယ့် နေရေးအတွက် အမှန် တကယ်လိုအပ်နေတဲ့ဝင်ငွေနည်း ပြည်သူတွေကို တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းတွေဆောက်ပြီး ရောင်းချ ပေးဖို့ လုပ်ဆောင်တာပါ။ ဒီလိုလုပ် ဆောင်တာကလည်း ကုမ္ပဏီတွေမှာ ပထမဆုံးဖြစ်ပါတယ်။ တိုက်ခန်း တွေကိုလည်း သုံးနှစ်နဲ့ ၁ဝ နှစ်ဆိုပြီး ခွဲခြားထားပါတယ်။ တိုက်ခန်းစျေး နှုန်းတွေကလည်းသင့်တင့်တဲ့အတွက် နေရေးလိုအပ်တဲ့သူတွေအဆင်ပြေ ပြေနဲ့ဝယ်ယူနိုင်ပါတယ်"ဟု သန္တိ သစ္စာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးလှိုင်ဦး ကပြောသည်။ တန်ဖိုးမျှတအိမ်ရာတိုက်ခန်း စျေးနှုန်းများမှာ သုံးနှစ်အရစ်ကျစ နစ်ဖြင့် မြေညီထပ်တစ်ခန်းလျှင် ငွေကျပ်သိန်း ၂ဝဝ၊ ပထမထပ်တစ် ခန်းလျှင်ငွေကျပ်သိန်း ၁၅ဝ၊ ဒုတိယ ထပ်၊ တတိယထပ်နှင့်စတုတ္ထထပ် တစ်ခန်းလျှင်ငွေကျပ် ၁၃၅ သိန်း နှုန်းသတ်မှတ်ထားပြီး ကနဦးစရန် ငွေ ၁ဝ ရာခိုင်နှုန်းနှင့်လစဥ် ၂ ဒသမ ၅ ရာခိုင်နှုန်းကိုပေးသွင်းရမည်ဖြစ် ကာ အကြိမ် ၂ဝ ပေးသွင်းပြီးပါက ဝင်ရောက်နေထိုင်ခွင့်ရရှိ၍ ၃၆ လ ပေးသွင်းပြီးပါက ပိုင်ဆိုင်မှုရရှိမည် ဖြစ်သည်။ ၁ဝ နှစ်အရစ်ကျစနစ်ဖြင့် မြေ ညီထပ်တစ်ခန်းလျှင်ငွေကျပ် ၃၇၅ သိန်း၊ ပထမထပ်တစ်ခန်းလျှင်ငွေ ကျပ် ၃၂၅ သိန်း၊ ဒုတိယထပ်တစ် ခန်းလျှင်ငွေကျပ်သိန်း ၃ဝဝ၊ တတိယ ထပ်တစ်ခန်းလျှင်ငွေကျပ် ၂၇၅ သိန်း နှင့် စတုတ္ထထပ်တစ်ခန်းလျှင် ငွေ ကျပ်သိန်း ၂၅ဝ နှုန်း သတ်မှတ် ထားပြီး ကနဦးစရန်ငွေ ၁ဝ ရာခိုင် နှုန်းအပါအဝင် ၃၅ ရာခိုင်နှုန်းထိ ပေးသွင်းပြီးပါက ဝင်ရောက်နေထိုင် ခွင့်ရရှိမည်ဖြစ်သည်။ တန်ဖိုးမျှတအိမ်ရာလေးခန်း တွဲ၊ ငါးထပ်အဆောက်အအုံ ၃ဝ၊ တိုက်ခန်းပေါင်း ၆ဝဝ အနက် ကန ဦးအဖြစ် လေးခန်းတွဲ၊ ငါးထပ်အ ဆောက်အအုံ နှစ်လုံး၊ တိုက်ခန်းပေါင်း ၄ဝ ကို ၂ဝ၁၇ ခုနှစ် သြဂုတ်လအ တွင်းပြီးစီးနိုင်ရန် တည်ဆောက်လျက် ရှိပြီး အဆိုပါတိုက်ခန်းများသည် ၁၅ ပေ_ပေ ၄ဝ ကျယ်ဝန်းရာ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းပါရှိ သည်။ သန္တိသစ္စာဆောက်လုပ်ရေး ကုမ္ပဏီအနေဖြင့် ပုသိမ်ကြီးမြို့နယ် အင်ကြယ်ကျေးရွာ၊ မန္တလေး-မိုးကုတ် လမ်းမဘေးရှိ မြေဧက(၆၅ ဒသမ ၄၂)ဧကပေါ်တွင် မန်းဧကရာဇ်အ ဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုအဖြစ် ၂ဝ၁၄ ခုနှစ် အောက်တိုဘာကစ တင်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး တန်ဖိုးမျှတအိမ်ရာ များအပြင် လုံးချင်းအိမ်ရာများလည်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကာ ယခုလက်ရှိတွင် စီမံကိန်း အားလုံး ၇ဝ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ MTK #Democracytoday
Source : http://ift.tt/2fE6xxI
via IFTTT

No comments:

Post a Comment