မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတွင် ဘုရားဖူးသူများအား စိတ်အနှောင့်အ ယှက်ဖြစ်စေမည့် စျေးဆိုင်များ ကို ယာယီဆိုင်ပိတ်သည့်စနစ်ဖြင့် အရေးယူမည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သတင်းရရှိသည်။ ကျိုက်ထီးရိုးစေတီ နယ်နိ မိတ်အတွင်း ကန်ထရိုက်ပေးထား သော စျေးဆိုင်များကို ဂေါပကအ သစ်လက်ထက်တွင် စည်းကမ်း ချက်များ ထုတ်ပြန်ထားပြီး စည်း ကမ်းဖောက်ဖျက်ပါက ဆိုင်ရှင် များကို ပထမအကြိမ်ခေါ်ယူဆွေး နွေးမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံ ဖောက်ဖျက်ပါက ဆိုင်ယာယီ ပိတ်သိမ်းသည့်စနစ်ဖြင့် အရေးယူမည်ဖြစ်သည်။ ယာယီဆိုင်ပိတ်သိမ်းခြင်း ကို အနည်းဆုံးငါးရက်မှ အများ ဆုံး ၁ဝ ရက်အထိ သတ်မှတ်ထား သည်။ ဘုရားပွဲတော် ကာလအ တွင်း ကျောက်ထပ်ကြီးဘုရား အနီးရှိ ထမင်းဆိုင် တစ်ဆိုင်က ဘုရားဖူးဧည့်သည်များ စိတ်အ နှောင့်အယှက် ဖြစ်စေသောကြောင့် ယာယီဆိုင်ပိတ်သိမ်းထားကြောင်း ဂေါပကအဖွဲ့မှ သတင်းရရှိသည်။ ‘‘ကျွန်တော်တို့ဂေါပကတွေ က ဘုရားအလှူခံဌာနပဲ ကိုင်ထား တာ။ နတ်နန်း အလှူခံဌာနကို အရင်လူတွေကို ကန်ထရိုက်ပေး ထားတယ်။ ဘုရားဖူးသူတွေ စိတ် အနှောင့်အယှက်မဖြစ်အောင် နတ်နန်းထဲမှာပဲ အလှူခံ၊ အပြင် ထွက်ပြီး အလှူခံရင်တော့ ခေါ်ယူ ဆွေးနွေးပြီး အရေးယူမှုတွေလုပ် မယ်။ စျေးဆိုင်တွေကိုတောင် ဘု ရားဖူးတွေ စိတ်အနှောင့်အယှက် ဖြစ်စေလို့ အရေးယူထားပြီးပြီ။ ကျွန်တော်တို့ ဂေါပကအသစ် လက်ထက်က အချိန်နည်းနည်းပဲ ရှိသေးတော့ စိတ်အနှောင့်အ ယှက်ဖြစ်စေတဲ့ ကိစ္စတွေရှိနေဦး မှာပဲ။ ပြုပြင်စရာတွေအများကြီး ကျန်သေးတော့ အချိန်တစ်နှစ် လောက်ယူပြီး နည်းနည်းစီလုပ်ရ ဦးမယ်’’ဟု ကျိုက်ထီးရိုးဂေါပက ဒေါက်တာအေးဇံက ပြောသည်။ အမှိုက်များနှင့် သန့်ရှင်းမှုမရှိ သည့် နေရာများအတွက်လည်း အမှိုက်ပုံးများထားရှိရန်နှင့် ဝန်ထမ်းအသစ်များ ခေါ်ယူရန် စီစဥ်ထားဟုဆိုသည်။ ထိုသို့မပြုလုပ်မီ ဘုရားနယ်နိမိတ်အတွင်း သန့်ရှင်းမှုရှိစေရန် ဘုရားဖူးသူများက ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဒေါက်တာအေးဇံက ပြောကြားခဲ့ သည်။ ‘‘အရေးယူမှုပြုလုပ်ခိုင်းလို့ရ ရင် ရွှေနန်းကျင်နတ်နန်းက အလှူ ခံနေရာနဲ့ ဘုရားဆွမ်းတော်ရောင်း တဲ့ ဆိုင်တွေကို အရေးယူခိုင်းချင် တယ်။ အခုထိ စနစ်မပြောင်းသေး ဘူး။ ဘုရားဆွမ်းတော်ကို အိမ် ရောက်မှ ပြန်ကပ်ရမလိုတောင် ဖြစ်တယ်။ ဘုရားဦးချလို့တောင် မပြီးသေးဘူး။ ကိုယ်ကပ်တဲ့ဆွမ်း တော်ဗန်းမရှိတော့ဘူး။ တော် တော် ဒေါသဖြစ်မိတယ်’’ဟု တန် ဆောင်မုန်းလပြည့်နေ့က ဘုရား ဖူးခဲ့သူ မခိုင်ခိုင်သော်က ပြောသည်။ ကျိုက်ထီးရိုးစေတီတွင် နတ်နန်း ကိုးခုရှိသည့်အနက် ရွှေနန်း ကျင်နတ်နန်းနှင့် ကျိုက်ထီးရိုးဘိုး ဘိုးကြီးနတ်နန်းကို ရိုးရိုးလေးက ကန်ထရိုက်ရရှိထားသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင် ဦးစိန်မြင့်ကဆိုသည်။
Source : http://ift.tt/2fXABVJ
via IFTTT
No comments:
Post a Comment